Sunday, May 19, 2019

လုံခြုံရေးတပ်ဖွဲ့ကို ဓာတ်ပုံရိုက်သည့် ကျေးရွာတာဝန်ခံအား စစ်ဆေးရာ AA နှင့် ပတ်သက်ကြောင်း တွေ့ရှိ၍ အရေးယူမည်ဟု တပ်မတော်ထုတ်ပြန်

တပ်မတော်စစ်ကြောင်း အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင် များကို ဓာတ်ပုံရိုက်သည့် ကျောက်တော်မြို့နယ် ရွှေပြည်ကျေးရွာ တာဝန်ခံတစ်ဦးကို စစ်ဆေးရာ ၎င်းကိုင်ဆောင်သည့်  ဖုန်းအတွင်း မှ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ယူနီဖောင်းဝတ်ဆင်ပြီး လက်နက် ကိုင်ဆောင်ထားသည့် ဓာတ်ပုံ အပါအဝင် AA နှင့် ပတ်သက် သည့် အထောက်အထားများ ရှာဖွေသိမ်းဆည်းရမိ၍ တရား ဥပဒေအရ အရေးယူနိုင်ရေးဆောင်ရွက်နေကြောင်း တပ် မတော်က သတင်းထုတ်ပြန် သည်။
တပ်မတော်စစ်ကြောင်းနှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့်အဖွဲ့ သည် ရွှေပြည်ကျေးရွာအတွင်း AA အဖွဲ့ဝင်များ အရပ်သားအ သွင်ဖြင့် ပုံဖျက်စိမ့်ဝင်လှုပ်ရှားနေ ကြောင်း သတင်းအရ မေလ ၁၆ ရက် နံနက်တွင် ရှောင်တခင် ဝင်ရောက်စစ်ဆေးစဉ် ကျေးရွာ တာဝန်ခံ ဦးသိန်းစိုးအောင်သည် ၎င်း၏ နေအိမ်ပေါ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဓာတ်ပုံရိုက်ယူနေ သည်ကို တွေ့ရှိသဖြင့် ဖုန်းကို စစ်ဆေးရာ AA နှင့် ပတ်သက် သည့် အထောက်အထားများ ရှာ ဖွေတွေ့ရှိ သိမ်းဆည်းရမိကြောင်း သတင်းထုတ်ပြန်သည်။ ထိုသို့ သတင်းထုတ်ပြန်ရာတွင် AA ယူနီ ဖောင်းဝတ်ပြီး လက်နက်ကိုင် ဆောင်ထားသည့် အမျိုးသားတစ် ဦး ဓာတ်ပုံကို ဖော်ပြခဲ့သည်။ ရွှေပြည်ကျေးရွာမှ အမျိုး သားတစ်ဦးကို တပ်မတော်က လာရောက်ဖမ်းဆီးခြင်းနှင့် ပတ် သက်ပြီး ဖမ်းဆီးခံထားရသူ၏ မိသားစုက လာရောက်အကူအညီ တောင်းခံမှုရှိကြောင်း ကျောက် တော်မြို့နယ် ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးမောင်လှ ကျော်က ပြောသည်။

‘‘ရွှေပြည်ရွာက တစ်ယောက် ကို ကျောက်တော်တပ်မကို ခေါ် သွားတယ်။ အဲဒီလို ဖမ်းသွားတဲ့ အတွက် သူ့မိသားစုတွေက မနက် ကျတော့ ကျွန်တော့်ဆီ ရောက်လာကြတယ်။ အဖမ်းခံရတဲ့သူနဲ့ တွေ့ခွင့်ရချင်လို့ဆိုပြီးတော့ ကျွန်တော်တို့ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးကိုသွားပြီး တွေ့ခွင့်ရဖို့ ပြော ကြတယ်။ အုပ်ချုပ်ရေးမှူးက လည်း တပ်မက ဗျူဟာမှူးတစ် ယောက်ကို ဖုန်းဆက်ပြီးတော့ မနေ့က အဖမ်းခံလိုက်ရတဲ့သူဟာ တပ်မကို ရောက်နေတယ်ဆိုတာ ကိုသိလို့ သူ့မိသားစုတွေက လွှတ် တော်ကိုယ်စားလှယ်နဲ့အတူ တွေ့ ခွင့်ရဖို့ ရောက်နေကြတယ်။ အဲဒါ လာတွေ့ဖို့ အဆင်ပြေမလားဆို ပြီး မေးတယ်။ ဒါပေမဲ့ တွေ့ခွင့် မရဘူးလို့ ဟိုဘက်က ပြန်ဖြေ တယ်။ လောလောဆယ် စစ်ဆေး နေတုန်းဖြစ်တဲ့အတွက် တွေ့ခွင့် မရသေးဘူး။ နောက်ကျရင် တွေ့ ခွင့်ရအောင် စီစဉ်ပေးမယ်လို့ ပြောတယ်လို့ အုပ်ချုပ်ရေးမှူးက ပြန် ပြောတယ်’’ဟု ဦးမောင်လှကျော် က ရှင်းပြသည်။

လွန်ခဲ့သည့် နှစ်ပတ်ကျော် က ရသေ့တောင်မြို့နယ် ကျောက် တန်းရွာတွင် AA နှင့် ပတ်သက်၍သံသယရှိသူ အမျိုးသား ၂၇၅ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိန်းသိမ်းစစ်ဆေးရာ AA ဖြစ် ကြောင်း ဝန်ခံသူ ခြောက်ဦးအပါ အဝင် ရှစ်ဦးကို အရေးယူနိုင်ရန် စစ်တွေရဲစခန်းသို့ ပို့ဆောင်ထား ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားထားသည်။

ယင်းမတိုင်မီ ဧပြီက မြောက် ဦးမြို့နယ် လက္ကာကျေးရွာအနီး တွင် မသင်္ကာသူ ၂၇ ဦးကို ထိန်း သိမ်းစစ်ဆေးရာ ၁၈ ဦးသည်AA တပ်ဖွဲ့ဝင်များဖြစ်ကြောင်း၊ ငါးဦးသည် AA ကို ထောက်ခံသည့် အမာခံများဖြစ်ကြောင်း တပ် မတော်က သတင်းစာရှင်းလင်း ထားသည်။

ကျောက်တန်းရွာနှင့် လက္ကာ ရွာဖြစ်စဉ်များ၌ သံသယရှိသူများ ကို ထိန်းသိမ်းစစ်ဆေးနေစဉ် လူ သေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ ကျောက်တန်းရွာတွင် မေလ ၂ ရက်က ပစ်ခတ်မှုဖြစ်ပွား၍ ခြောက်ဦးသေ၊ ရှစ်ဦးဒဏ်ရာရရှိ ခဲ့သည်။ ဒဏ်ရာရသူများအနက် တစ်ဦးသည် မေလ ဒုတိယပတ် တွင် သေဆုံးခဲ့သည်။ ယင်းပစ် ခတ်မှုဖြစ်စဉ်ဖြစ်ပွားရခြင်းသည် ဖမ်းဆီးထားသူများအနက် လူအုပ် စုတစ်စုက အော်ဟစ်ပြီး လုံခြုံရေး တပ်ဖွဲ့၏ လက်နက်များလုရန် ကြိုးပမ်းခြင်းကြောင့်ဟု တပ် မတော်တာဝန်ရှိသူများက ရှင်း လင်းထားသည်။ လက္ကာရွာအနီး ဖမ်းမိသူများ ကို စစ်ဆေးစဉ်အတွင်း သုံးဦးသေ ဆုံးခဲ့သည်။ ထိုသို့ သေဆုံးရခြင်း သည် တစ်ဦးသည် ကြိုးဆွဲချသေ ဆုံးခြင်းဖြစ်ကြောင်း၊ တစ်ဦးသည် နှလုံးရောဂါဖြင့် သေဆုံးခြင်းဖြစ် ကြောင်း၊ တစ်ဦးသည် မူးယစ် ဆေးနှင့် ဆက်စပ်ပြီး သေဆုံးခြင်း ဖြစ်ကြောင်း တပ်မတော်တာဝန်ရှိ သူများက ရှင်းလင်းထားသည်။

No comments:

Post a Comment