Sunday, May 19, 2019

နွားများကို နမ်းပြီး Challenge မလုပ်ရန် သြစတြေးလျအစိုးရ ကြေညာချက်ထုတ်

သြစတြေးလျနိုင်ငံမှာ လက်ရှိခေတ်စားနေတဲ့ နွားတွေကိုနမ်းပြီး ဓာတ်ပုံတွေကို အင်တာနက်ပေါ်တင်တဲ့ challenge ကို ဆက်မလုပ်ကြဖို့ သြစတြေးလျတာဝန်ရှိသူတွေက မကြာသေးခင်က သတိပေးလိုက်တယ်လို့ Fox News သတင်းမှာ ဖော်ပြပါတယ်။ ဒါဟာ တိရစ္ဆာန်တွေအတွက်ကော၊ သူတို့ကိုနမ်းဖို့ကြိုးစားတဲ့ လူတွေအတွက်ကော အရမ်းကို အန္တရာယ်များတဲ့ လုပ်ရပ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီလိုထူးထူးဆန်းဆန်း challenge ကို ဆွစ်ဇာလန် app တခုဖြစ်တဲ့ Castl က စတင်လိုက်တာဖြစ်ပြီး နွားတွေကို နမ်းတဲ့ပုံတွေတင်ရင်း ပရဟိရလုပ်ငန်းတွေအတွက် ရန်ပုံငွေရရှိဖို့ ရည်ရွယ်ပါတယ်။


ဒါပေမယ့် ဒီလုပ်ဆောင်ရွက်ချက်ကို နိုင်ငံရေးသမားတွေနဲ့ မွေးမြူရေးဆိုင်ရာ ကျွမ်းကျင်သူတွေက အပြင်းအထန် ရှုတ်ချကြပြီး ဒီလုပ်ရပ်ဟာ လူ့အသက်အန္တရာယ်ကို သေဆုံးစေနိုင်တဲ့အထိ အန္တရာယ်ရှိတယ်လို့လည်း သတိပေးထားပါတယ်။

နွားကို နမ်းဖို့ကြိုးစားရင်း အနားကပ်တဲ့အခါမှာ စိတ်ရှုပ်ထွေးနေတဲ့ တိရစ္ဆာန်တွေက လူကိုရန်ပြုနိုင်ကြောင်းနဲ့ အထူးသဖြင့် သားပေါက်ပြီးစ နွားမတွေဟ ပိုအန္တရာယ်ရှိတယ်လို့လည်း ဒီသတိပေးမှုမှာ ပါဝင်ပါတယ်။

Castl က သူတို့ရဲ့ “KuhKussChallenge” ကို မတ်လ ၁၅ ရက်နေ့မှာ စတင်လိုက်တာဖြစ်ပြီး ဒီ Challenge ကိုလုပ်လိုက်ကြဖို့လည်း ဆွစ်ဇာလန်၊ ဂျာမနီနဲ့ သြစတြေးလျက လူတွေကို တိုက်တွန်းထားပါတယ်။

ဒီတိုက်တွန်းမှုကြောင့် နွားတွေနဲ့ ဓာတ်ပုံတွဲရိုက်ဖို့ ကြိုးစားသူတွေ များပြားလာပြီး ဒီအခြေအနေက တိရစ္ဆာန်တွေရဲ့ စိတ်ကိုရှုပ်ထွေးစေပါတယ်။

“သားပေါက်စ နွားမတွေအပါအဝင် နွားအချို့က ရန်လိုတတ်ပါတယ်။ ဒါ့ကြောင့် ဒီ challenge လုပ်ဖို့ကြိုးစားတာဟာ အရမ်းကိုအန္တရာယ်များပါတယ်” လို့လည်း တိုင်ရိုပြည်နယ်ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

No comments:

Post a Comment