Sunday, May 19, 2019

ဂျပန်-မြန်မာရိုးရာ လက်ဝှေ့ပြိုင်ပွဲတွင် ဗျ ဂ္ဃ နိုင်သော်လည်း ရဲသွေးနီနှင့် မင်းမောင်မောင် ရှုံးနိမ့်

တိုကျိုမြို့တွင် ကျင်းပသည့် ဂျပန်-မြန်မာ ရိုးရာလက်ဝှေ့ပြိုင်ပွဲ၌ မြန်မာ့လက်ဝှေ့သ မား ဗျ ဂ္ဃက ဂျပန်နိုင်ငံသား ဟီဂါရှီကို အနိုင်ရသော်လည်း ရဲသွေးနီနှင့် မင်းမောင်မောင်တို့က ပြိုင် ဘက်များကို ရှုံးနိမ့်ခဲ့သည်။  မြန်မာနှင့် ဂျပန်လက်ဝှေ့ အဖွဲ့ချုပ်တို့ ပူးပေါင်းပြုလုပ်မည့် Lethwei in Japan 12 ပြိုင်ပွဲကို မေလ ၁၇ ရက်တွင် ဂျပန်နိုင်ငံတိုကျိုမြို့ရှိ ခိုလခုအန်ခန်းမ၌ ကျင်းပပြီး မြန်မာ့လက်ဝှေ့သမား သုံးဦး ပါဝင်ထိုးသတ်ခဲ့သည်။ ဗျဂ္ဃနှင့် ဂျပန်နိုင်ငံသား ဟီဂါရှီတို့ပွဲတွင် အကြိတ်အနယ် ဖြစ်ခဲ့သည်။ ယင်းပွဲတွင် ဗျဂ္ဃ၏ လက်သီးချက်များကြောင့် ဟီဂါရှီမျက်ခုံးကွဲ ဒဏ်ရာရကာ ဒိုင်ပွဲရပ်ဖြင့် ဗျဂ္ဃ အနိုင်ရရှိသည်။
မြန်မာလက်ဝှေ့သမား ရဲသွေးနီနှင့် ဂျပန်နိုင်ငံသား မာကိုတို ပွဲစဉ်တွင် ပထမနှင့် ဒုတိယအချီ၌ နှစ်ဦးစလုံး လက်သီးချက်၊ တံတောင်ရိုက်ချက်များဖြင့် အပြန်အလှန် ထိုးသတ်ခဲ့သည်။ စတုတ္ထအချီအစတွင် မာကိုတို၏ ဒူးတိုက်ချက်ကြောင့် ရဲသွေးနီ အရှိုက်ထိပြီး အနားတောင်းရသည်။ ထို့နောက် ရဲသွေးနီသည် ဆက်လက်ယှဉ်ပြိုင်နိုင်ခြင်းမရှိသဖြင့် မာကိုတိုကို အရှုံးပေးခဲ့ရသည်။

မြန်မာလက်ဝှေ့သမား မင်းမောင်မောင်နှင့် ဂျပန်နိုင်ငံသား တိုခဲရှီတို့ပွဲတွင် အပြန်အလှန် ရှိပြီး ဒုတိယအချီ၌ တိုခဲရှီ၏ ခြေကန်ချက်ကြောင့် မင်းမောင်မောင် အရှိုက်ထိကာ အနားတောင်းခဲ့ရသည်။ တတိယအချီတွင်လည်း တိုခဲရှီ၏ ခြေကန်ချက်များကြောင့် မင်းမောင်မောင် အရှိုက်ထပ်မံထိကာ ရှုံးနိမ့်ခဲ့သည်။  အခြား ပြည်ပတွဲဆိုင်းများ တွင် နယူးဇီလန်နိုင်ငံသား ၀ီလီယံက ဂျပန်နိုင်ငံသား ရှင်ဂို ဆူဇူကီးကို ပထမအချီတွင် အလဲထိုးဖြင့် အနိုင်ရပြီး ကွန်ဂိုနိုင်ငံသား လိုကုကုက အမေရိကန် နိုင်ငံသား ၀ီလ်ချုပ်ကို စတုတ္ထအချီ တွင် အလဲထိုးဖြင့်  အနိုင်ရရှိသည်။(၁၂)ကြိမ်မြောက်ကျင်းပသည့် ဂျပန်-မြန်မာရိုးရာ လက်ဝှေ့ပြိုင်ပွဲတွင် စုစုပေါင်းတွဲဆိုင်း ငါးဆိုင်းထည့် သွင်းကျင်းပခဲ့သည်။

No comments:

Post a Comment