Sunday, May 19, 2019

မိခင်ဝမ်းဗိုက်ထဲက ကလေးငယ်ကျောရိုးကို ပြွန်အသုံးပြု ခွဲစိတ်

ဗြိတိန်နိုင်ငံမှာ  မိခင်ဝမ်းထဲက ကလေးငယ်ကျောရိုးကို ပြွန်အသုံးပြုပြီး  ဆရာဝန်တွေက ပထမဆုံးအကြိမ် ခွဲစိတ်ခဲ့ပါတယ်။ အမျိုးသမီး ရှယ်ရီရှာ့ပ်ဟာ ကိုယ်ဝန်ဆောင်ကာလ သီတင်းပတ် ၂၇ ပတ်နဲ့ ခွဲစိတ်မှု ခံယူခဲ့တာပါ။ သူ့ကလေးမှာ စပိုင်နာဘစ်ဖစ်တာဒါ (Spina bifida) လို့ခ်ါတဲ့ ကျောရိုးမ ကောင်းကောင်း မဖွံ့ဖြိုးတဲ့ အာရုံကြောဆိုင်ရာ ရောဂါတမျိုး ရှိပါတယ်။



အာရုံကြောတွေနဲ့ ရေမြွှာရည် ထိတွေ့ရာမှာတော့ ကလေးရဲ့ အစာအိမ်၊ ဆီးအိတ်နဲ့ ခြေတွေမှာ ပြဿနာ ဖြစ်စေပါတယ်။

အဲဒီလို စပိုင်နာဘစ်ဖစ်တာဒါရှိတဲ့ လူနာအတော်များများကို ကိုယ်ဝန်ဖျက်ချပြီး ဗိုက်ခွဲကုသတယ်လို့ သန္ဓေသားဆေး ပညာကျွမ်းကျင်သူ ဒေါက်တာ မာသာက ဆိုပါတယ်။

အခုလို ပြွန်အသုံးပြု ကလေးငယ် ကျောရိုးခွဲစိတ်မှုဟာ ခန္ဓာကိုယ် ခွဲစိတ်မှုနည်းပါးပြီး အန္တရာယ် ဖြစ်နိုင်ခြေ နည်းတယ်လို့ သိရပါတယ်။

သူက မိခင်ရဲ့ သားအိမ်ထဲကို ကင်မရာငယ်နဲ့ ခွဲစိတ်ကိရိယာငယ်ထည့်ပြီး  ရောဂါရှိတဲ့ ကျောရိုးကို ရှာကာ နောက်ထပ် ရေမြွှာရည်နဲ့ ထိခိုက်ရာမှာ ထိခိုက်တာ မဖြစ်အောင် ခွဲစိတ်ပေးတာ ဖြစ်ပါတယ်။

ဒီခွဲစိတ်နည်းသစ်ဟာ စပိုင်နာဘစ်ဖစ်တာဒါကို ကုသနည်းမဟုတ်ဘဲ အဲဒီလို မွေးလာတဲ့ ကလေးတွေကို နောင်ပိုင်း ဘာမှမဖြစ်အောင် တားဆီးပေးတာလို့ ဒေါက်တာ မာသာက ပြောခဲ့ပါတယ်။

No comments:

Post a Comment