Sunday, May 19, 2019

မွန်ညီညွတ်ရေးပါတီ တည်ထောင်ဖွဲ့စည်းခွင့်ရ

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်အမျိုးသား ပါတီတို့ ပူးပေါင်း၍ မွန်ညီညွတ် ရေးပါတီအဖြစ် ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်က တည် ထောင်ဖွဲ့စည်းခွင့်ပြုကြောင်း မွန်ညီညွတ်ရေးပါတီ ခေါင်းဆောင် များက ပြောသည်။ အဆိုပါ မွန်နှစ်ပါတီပေါင်း စည်းပြီး မွန်ညီညွတ်ရေးပါတီအ ဖြစ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ ၂၀၁၈ ဒီဇင်ဘာက ပါတီတည်ထောင် ဖွဲ့စည်းခွင့် လျှောက်ထားခဲ့ရာ ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်က ၂၀၁၉ မေလ ၁၇ ရက်စွဲဖြင့် ပါတီတည်ထောင်ဖွဲ့စည်းခွင့်ပြု ကြောင်း အကြောင်းကြားခဲ့သည် ဟု မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၂) နိုင်စံတင်က ဆိုသည်။

 ‘‘ပေါင်းစည်းခွင့်၊ တည် ထောင်ခွင့်ကျပြီဆိုတော့ မှတ်ပုံ တင်ရတော့မယ်။ ပါတီမှတ်ပုံတင် ကို တစ်ပတ်အတွင်းမှာ တင်သွား မယ်။ မှတ်ပုံတင်ဖို့ကိုလည်း အား လုံးပြင်ဆင်ထားပြီးသားပါ’’ ဟု နိုင်စံတင်က ပြောသည်။

မွန်ညီညွတ်ရေးပါတီအနေ ဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင် ခြင်း နည်းဥပဒေ (၆)နှင့်အညီ ခေါင်းဆောင်တစ်ဦးနှင့် ဒုခေါင်း ဆောင်တစ်ဦးရွေးချယ်ပြီး ရက် ၃၀ အတွင်း ကော်မရှင်ထံ မှတ်ပုံတင်ရမည်ဖြစ်သည်။

မွန်ပါတီအမည်ဖြင့် ပါတီ တည်ထောင်ခွင့် စတင်လျှောက် ထားသော်လည်း ရွေးကောက်ပွဲ ကော်မရှင်က အဆိုပါအမည်အ စား အခြားအမည်ပြောင်းလဲပြီး ပြင်လျှောက်ခိုင်းသဖြင့် ပါတီတည်ထောင်သူတို့က မွန်ညီညွတ်ရေးပါတီအမည်ဖြင့် ပြန်လည် လျှောက်ထားခြင်းဖြစ်သည်။

လာမည့် ရွေးကောက်ပွဲအ တွက် အဆင့်ဆင့်သော စည်းရုံး ရေးကော်မတီဖွဲ့စည်းခြင်း၊ ပါတီ ကျစ်လျစ်ခိုင်မာအောင် ဆောင် ရွက်ခြင်းတို့ ဆက်လက်ဆောင် ရွက်နေသည်ဟု အဆိုပါ ပါတီ ခေါင်းဆောင်များက ပြောသည်။

မွန်နိုင်ငံရေးပါတီများ၊ မွန် နိုင်ငံရေးအင်အားစုများဖြင့် ပေါင်းစည်းဖွဲ့စည်းထားသည့် မွန်ညီ ညွတ်ရေးပါတီတွင် ဗဟိုကော် မတီဝင် ၁၄၀ ဦးရှိပြီး ၎င်းတို့ထဲမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဝင် ၅၉ ဦး၊ ဥက္ကဋ္ဌအဖွဲ့လေးဦး၊ အတွင်းရေးမှူးအဖွဲ့ ခြောက်ဦးတို့ ဖြင့် ဖွဲ့စည်းထားသည်။  မွန်ညီညွတ်ရေးပါတီသို့ ကျန်ရှိနေသေးသည့် မွန်အင်အား စုများ ပါဝင်လာနိုင်ရန် ပါတီခေါင်းဆောင်တို့က ကြိုးပမ်းနေသည့်အ ပြင် မွန်လူငယ်များ၊ မွန်အမျိုး သမီးများ ပါဝင်လာစေရန်လည်း လမ်းဖွင့်ပေးထားသည်ဟု ပါတီ ခေါင်းဆောင်များက ပြောကြားသည်။

No comments:

Post a Comment