Sunday, May 19, 2019

မကွေးတိုင်း မင်းလှတွင် ဘကြီးတော်စပ်သူက သုံးနှစ်အရွယ် မြေးကို အဓမ္မပြုကျင့်မှုဖြစ်ပွား

တူမတော်စပ်သူ၏ နေအိမ်သို့ ညအိပ်ရန် ရောက်နေ သည့် အမျိုးသားက (၃)နှစ်အရွယ်မြေးတော်စပ်သူကို အဓမ္မပြုကျင့် မှု မကွေးတိုင်း မင်းလှမြို့တွင် မေလ ၁၇ ရက်က ဖြစ်ပွားခဲ့ကြောင်း မြို့မရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။  မေလ ၁၇ ရက် ည ၇ နာရီ ခန့်က ဖြစ်ပွားပြီး အသက်(၃)နှစ်အရွယ်ရှိ သမီးသည် မိခင်၏ ယောက်မတော်စပ်သူနှင့်အတူ အိပ်နေစဉ် ဘကြီးတော်စပ်သူ (၃၅)နှစ်အရွယ် အမျိုးသားက မြေးတော်စပ်သူကို အိမ်သာထဲသို့ ခေါ်ဆောင်ကာ အဓမ္မပြုကျင့်ကြောင်း ရဲတပ်ဖွဲ့စစ်ဆေးချက်မှတ်တမ်း၌ ဖော်ပြသည်။



 အဆိုပါ အမျိုးသားသည် မင်းဘူးမြို့နယ် ရေငံကျေးရွာအုပ် စု ပက်ပယ်ကျေးရွာနေသူဖြစ်ပြီး မင်းလှမြို့တွင် ပန်းရန်အလုပ် လာရောက်လုပ်ကိုင်နေစဉ် တူမ ၏ နေအိမ်၌ ညအိပ်နေထိုင်နေ ကြောင်း ယင်းမှတ်တမ်း၌ ဖော်ပြသည်။  အဓမ္မပြုကျင့်ခံရမှုကို ကလေးငယ်ကမိခင်ကို ပြောပြသိရှိပြီးနောက် မိခင်က ရဲတပ်ဖွဲ့စခန်းသို့ လာရောက်တိုင်ကြားသဖြင့် ရာဇသတ်ကြီးပုဒ်မ ၃၇၆ မုဒိမ်းမှုဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း မင်းလှမြို့မရဲတပ်ဖွဲ့စခန်းမှူး ဒုရဲ မှူး သန်းလှိုင်က ပြောသည်။ ‘‘အမှုကတော့ လက်ရှိအချိန် အထိ စစ်ဆေးမှုတွေ ဆောင်ရွက် နေဆဲဖြစ်ပါတယ်။ တိုင်ကြားခံရ သူကိုတော့ ဖမ်းဆီးထားပါပြီ။ လို အပ်တာတွေ ဆက်လက်ဆောင် ရွက်နေပါတယ်’’ဟု ဒုရဲမှူးသန်း လှိုင်က မေလ ၁၈ ရက်နေ့လယ် တွင် ဖြေကြားသည်။

No comments:

Post a Comment