Sunday, May 19, 2019

မြို့ပတ်ဘူတာရုံများ အဆင့်မြှင့်ရာ၌အိမ်ရာစီမံကိန်းများနှင့်ပေါင်းစပ်နိုင်ရန် ပြင်ဆင်ထား

-ရန်ကုန်မြို့ပတ် ရထားလမ်းတစ်လျှောက်ရှိ ဘူတာ ရုံများအဆင့်မြှင့်ရာ၌ မြို့ပြအိမ် ရာစီမံကိန်းများနှင့်ပါ ပေါင်းစပ် နိုင်ရန်ပြင်ဆင်နေကြောင်း ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြော သည်။ မေ ၁၈ ရက် ရန်ကုန်ဘူတာ ကြီးတွင်ပြုလုပ်သည့် ရန်ကုန်-မန္တ လေးရထားလမ်းပြန်လည်မွမ်းမံ ခြင်း (စီမံကိန်းအဆင့်-၁)နှင့် ရန်ကုန်မြို့ပတ်လမ်းပိုင်းအဆင့်မြှင့်တင် ခြင်းစီမံကိန်းဆောင်ရွက်ခြင်းများ အတွက် ပန္နက်တင်အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အထက်ပါအ တိုင်းထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။


ထရန်စစ်အိုရီယမ်တယ်ဒပ လော့မန့်ဖြစ်နိုင်ရန် မျှော်လင့်ချက် ဖြင့် ရန်ကုန်မြို့ပတ်ရထားလမ်းနှင့် ဆက်စပ်နေသောဘူတာရုံများကို အဆင့်မြှင့်တင်နိုင်ရန် ဂျပန်အ ပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီ၊ နိုင်ငံတကာ အကြံပေးအဖွဲ့အစည်းများ၊ မြန်မာ့ မီးရထားနှင့်ရန်ကုန်တိုင်းဒေသကြီး အစိုးရတို့ ပူးပေါင်းဆောင်ရွက်မှု များရှိကြောင်း ဝန်ကြီးချုပ်ဦးဖြိုး မင်းသိန်းက ပြောသည်။

""ဒီလိုဆောင်ရွက်တဲ့နေရာ မှာ ဘူတာရုံသက်သက်မဟုတ်ဘဲ နဲ့ထရန်စစ်အိုရီယံတယ်ဒပလော့ မန့်ဖြစ်နိုင်ပြီး ဒီနေရာတွေဟာ နေချင်စဖွယ်နေရာတွေဖြစ်နိုင်ဖို့ အတွက် မြို့ပြအိမ်ရာစီမံကိန်းတွေ နဲ့ပါပေါင်းစပ်နိုင်ဖို့ပြင်ဆင်ဆောင် ရွက်နေပါတယ်""ဟု ၄င်းကပြော သည်။ ရန်ကုန်မြို့တွင် နေ့စဉ်ခရီး သည် ၂ ဒသမ ၅ သန်းခန့်ရှိသော် လည်း မြို့ပတ်ရထားစီးခရီးသည် မှာအများဆုံးရှစ်သောင်းမှ အ နည်းဆုံးခြောက်သောင်းခန့်သာရှိ ကြောင်း သိရသည်။

ထို့ကြောင့်မြို့ပတ်ရထားလမ်း ကို ပိုမိုအဆင့်မြှင့်တင်နိုင်ရေးနှင့် ယာဉ်ကြောကျပ်တည်းမှုများ ဖြေ လျှော့နိုင်ရန် ရထားလမ်းကား လမ်းချိတ်ဆက်ထားသည့်နေရာ များရှိ မီးပွိုင့်စနစ်များအား စနစ် တကျချိတ်ဆက်နိုင်ရန် စီစဉ်နေ ကြောင်း ဝန်ကြီးချုပ်ဦးဖြိုးမင်း သိန်းက ပြောသည်။ ရန်ကုန်မြို့၏အဓိကဆုံချက် ဘူတာရုံသည် ပုဇွန်တောင်ဘူတာ ဖြစ်သဖြင့် ယင်းဘူတာဖွံ့ဖြိုးတိုး တက်ရေးအတွက် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများက လေ့ လာဆန်းစစ်မှုများပြုလုပ်နေ ကြောင်း သိရသည်။

ရန်ကုန်မြို့ပတ်အနောက် ခြမ်းရထားလမ်းပိုင်းအဆင့်မြှင့် တင်ရေးလုပ်ငန်းများကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်က စတင်ခဲ့ခြင်းဖြစ်ပြီး ပထမအဆင့် အနေဖြင့် အင်းစိန်ဘူတာမှ တ ညင်းကုန်းဘူတာအထိ ပြုပြင်ရေး လုပ်ငန်းများစတင်ဆောင်ရွက်ခဲ့ ခြင်းဖြစ်ကာ ၂၀၁၉ နှစ်ကုန်ပိုင်း ၌ မြို့ပတ်ရထားလမ်းပိုင်းအားလုံး အား အဆင့်မြှင့်တင်မှုပြီးစီးနိုင် မည်ဟု မြန်မာ့မီးရထားကခန့်မှန်း ထားသည်။

No comments:

Post a Comment