Sunday, May 19, 2019

ဘွန်ဒတ်စ်လီဂါတွင် ဘိုင်ယန်မြူးနစ်က ၇ နှစ်ဆက်တိုက် ချန်ပီယံဆုကို ရယူ

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ဂျာမန်ဘွန်ဒတ်စ်လီဂါ နောက်ဆုံးပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်က အိမ်ကွင်းမှာ ဖရန့်ဖတ်ကို ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူပြီး ချန်ပီယံဆုကို ဆွတ်ခူးသွားပါတယ်။ ဘိုင်ယန်အတွက် ဦးဆောင်ဂိုးကို ပွဲအစ ၄ မိနစ်မှာ ကိုးလ်မန်းက သွင်းယူပါတယ်။ ဖရန့်ဖတ်အတွက် ချေပဂိုးကို မိနစ် ၅၀ မှာ ဟယ်လာက သွင်းယူပါတယ်။ ဘိုင်ယန်မြူးနစ်အတွက် ဒုတိယဂိုးကို ၅၃ မိနစ် အယ်လ်ဘာက သွင်းယူပြီး ဘိုင်ယန်ကပဲ တဖက်သတ် ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။


တတိယဂိုးကို ရီနာတို ဆန်းချက်၊ ၄ ဂိုးမြောက် ဂိုးကို ရီဘာရီနဲ့ နောက်ဆုံး အပိတ်ဂိုးကို တောင်ပံသမား ရော်ဘင်က သွင်းယူပါတယ်။

ဒီရာသီဟာ အသင်းကနေ ထွက်ခွာတော့မယ့် ၀ါရင့်ကစားသမားတွေဖြစ်တဲ့ ရီဘာရီနဲ့ ရော်ဘင်တို့ရဲ့ နောက်ဆုံး ကစားပေးတဲ့ပွဲ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အတွက်တော့ ဘွန်ဒတ်စ်လီဂါ ချန်ပီယံဆုကို ၇ နှစ်ဆက်တိုက် ရယူနိုင်ခဲ့တာပါ။ ဘိုင်ယန် တိုက်စစ်မှူး လီဝမ်းဒေါ့စကီးကတော့ ဒီရာသီမှာ သွင်းဂိုး ၂၂ ဂိုးနဲ့ ဂိုးသွင်းအများဆုံးသူ ဖြစ်ခဲ့ပါတယ်။

No comments:

Post a Comment