Sunday, May 19, 2019

ပြည်တွင်း၊ ပြည်ပအလုပ်အကိုင်ရရှိမှု ဆက်လက်ကျဆင်း

ယခုနှစ်အတွင်း ပြည် တွင်း၊ ပြည်ပအလုပ်အကိုင်ရရှိမှု ဆက်လက်ကျဆင်းနေကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီး ဌာန၏ လအလိုက်အလုပ်အကိုင် ရရှိမှု စာရင်းထုတ်ပြန်ချက်များ အရ သိရသည်။ အဆိုပါဌာနကနောက်ဆုံး ထုတ်ပြန်သည့် ဧပြီအတွင်းပြည် တွင်းအလုပ်အကိုင်ရရှိမှု ဦးရေ ၂၄,၀၀၀ ကျော်နှင့် ပြည်ပအ လုပ်အကိုင်ရရှိမှု ဦးရေ ၂၀,၀၀၀ ကျော်ရှိသည်။



အဆိုပါအရေအတွက်အရ ဧပြီသည် ယခုနှစ်လေးလအတွင်း ပြည်တွင်း၊ ပြည်ပအလုပ်ရရှိမှု အနည်းဆုံးလအဖြစ် ရပ်တည်ခဲ့ သည်။ ၂၀၁၉ ဇန်နဝါရီမှဧပြီအထိ ပြည်တွင်း၊ ပြည်ပအလုပ်အကိုင် ရရှိမှုသည် ဇန်နဝါရီက အများ ဆုံးဖြစ်ပြီး ကျန်လများတွင်ဆက် တိုက်ကျဆင်းခဲ့သည်။ ဇန်နဝါရီက ပြည်တွင်း၊ ပြည်ပအလုပ်အကိုင်ရရှိမှုသည် ဧပြီထက် ဦးရေသုံးထောင်စီပို များကြောင်း ထုတ်ပြန်ချက်စာ ရင်းအရ သိရသည်။

‘‘ဧပြီလက နှစ်ကူးပိတ်ရက် လည်းရှိတော့ အလုပ်အကိုင်ဈေး ကွက်က အေးတယ်။ အဲဒါကြောင့် အလုပ်ရရှိမှုနည်းတဲ့ သဘောပါ ပဲ။ ဒီလ (မေလ) မှာတော့ အ လုပ်အကိုင်အသစ်တွေရှာဖွေမှု များတော့ အရေအတွက်ပြန်တက် လာနိုင်တယ်လို့ မျှော်လင့်ရ တယ်’’ ဟု အလုပ်သမားညွှန်ကြား ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦး က ပြောသည်။

ဧပြီ၌ ပြည်ပအလုပ်အကိုင် ရရှိမှုသည် ထိုင်းနှင့်မလေးရှား နိုင်ငံသို့ သွားရောက်လုပ်ကိုင်မှု အများဆုံးအဖြစ် ဆက်လက်ရပ် တည်ခဲ့သည်။ ဧပြီအတွင်းက ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်သူ ၁၅,၀၀၀ ကျော်နှင့် မလေးရှားနိုင်ငံသို့သွား ရောက်လုပ်ကိုင်သူ ၄,၅၀၀ ခန့် ရှိ သည်။ ထိုင်းနိုင်ငံသို့ သွားရောက် လုပ်ကိုင်မှုသည် အခြားနိုင်ငံများ ထက် အများဆုံးဖြစ်သော်လည်း ယခင်လများထက် ဦးရေ ၁,၅၀၀ ခန့် လျော့နည်းကြောင်း မှတ်တမ်း များက ဆိုသည်။

No comments:

Post a Comment