Sunday, May 19, 2019

မန်စီးတီးက ၀က်ဖို့ဒ်ကို ၆ ဂိုးပြတ်နိုင်ပြီး အက်ဖ်အေဖလား ဗိုလ်စွဲ

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ မန်ချက်စတာစီးတီးက ၀က်ဖို့ဒ်ကို ၆ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ မန်စီးတီးဟာ  ပြည်တွင်း ဖလား ၃ ခုဖြစ်တဲ့ ပရီးမီးယားလိဂ်၊ အက်ဖ်အေနဲ့ ကာရာပေါင်ဖလားတွေကို တနှစ်ထဲမှာ ပထမဆုံး ယူတဲ့အသင်းအဖြစ် မှတ်တမ်းဝင် သွားပါတယ်။ ဒီပွဲမှာ ၀က်ဖို့ဒ်က ခံစစ်ကိုအားပြုပြီး တန်ပြန်တိုက်စစ်တွေကို အသုံးပြုသွားပါတယ်။
ပွဲအစပိုင်းမှာ ဝက်ဖို့ဒ်က တန်ပြန်တိုက်စစ်ကနေ အကောင်းဆုံး အခွင့်အရေးရပေ့မယ့် ဂိုးသွင်းမသေချာလို့ ဦးဆောင်ဂိုးနဲ့ လွဲခဲ့ရပါတယ်။ ဝက်ဖို့ဒ်ဟာ မိနစ် ၂၀ ကျော်လောက်အထိပဲ မန်စီးတီးရဲ့ တိုက်စစ်ကို တောင့်ခံနိုင်ခဲ့ပါတယ်။ မန်စီးတီးရဲ့ အနိုင်ဂိုးတွေကို ဆေးဗား၊ ဂျေဆု၊ ဒီဘရိုင်းနဲ့ စတာလင်းတို့က သွင်းယူပါတယ်။ အခုရတဲ့ အက်ဖ်အေဖလားဟာ မန်စီးတီးရဲ့ ၆ ကြိမ်မြောက်ဖလား ဖြစ်ပြီး  နည်းပြ ဂွါဒီယိုလာအတွက်တော့ ပထမဆုံးရတဲ့ ဆုဖလား ဖြစ်ပါတယ်။

No comments:

Post a Comment