Sunday, May 19, 2019

မန္တလေးမြို့ပေါ်တွင် ငှက်ကြီးတောင် ဓါးတချောင်းကိုလွယ်ကာ သွားလာနေသူအား ရဲတပ်ဖွဲ့က ၀ိုင်းဝန်းဖမ်းဆီး၍ ဥပဒေအရအရေးယူ

Image may contain: 1 person, standingမန္တလေးမြို့ပေါ်တွင် ငှက်ကြီးတောင် ဓါးတချောင်းကို တရားမ၀င်လွယ်ကာ သွားလာနေသူအား ရဲတပ်ဖွဲ့က ၀ိုင်းဝန်း ဖမ်းဆီး စစ်ဆေးခဲ့ပြီး ဥပဒေအရအရေးယူဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။ မေ ၁၈ ရက်နေ့ ည ၉နာရီအချိန်ခန့်တွင် အမှတ်၈မြို့မရဲစခန်း မှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ထင်လင်းကျော် ဦးဆောင် သော သက်သေများ နှင့်အဖွဲ့သည် နယ်မြေအတွင်း မှုခင်းကျဆင်းရေးအတွက် အထူး စုံစမ်းဆောင်ရွက်နေစဉ် ၇၃×၃၀ လမ်းထောင့် တွင် အမျိုးသားတဦးမှာ ငှက်ကြီးတောင် ဓါးရှည်တချောင်းကို တရားမ၀င်လွယ်ဆောင်ကာ ဆိုင်ကယ်ဖြင့် သွားလာနေသည်ကို တွေ့ရှိခဲ့သဖြင့် ၀ိုင်းဝန်းဖမ်းဆီးခဲ့ကြောင်းသတင်းရရှိသည်။


ယင်းသို့ ဖမ်းဆီးရမိသူကို စစ်ဆေးမေးမြန်းရာ ၄င်းမှာ ရန်နိုင်ဦး (၃၃နှစ်)၊ စိတ္တရမဟီရပ်ကွက်၊ ချမ်းအေးသာဇံမြို့နယ် နေသူဖြစ် ကြောင်းသိပြီး ၄င်းနှင့်အတူ လူ့အသက်ကို သေစေနိုင်သော အရိုးအသွား ၂ပေ ၄ လက်မ၊ အသွားထက်၊ဓါးဦးချွန်၊ကြေးရိုးတပ် ငှက်ကြီးတောင် ဓါးတချောင်း၊၆၆ဃ/-----နံပါတ်ပြား တပ်ဆင်ထားသော Kamax အမျိုးအစား(စိမ်းပုတ်ရောင်)ဆိုင်ကယ် တစီး၊ ဘောင်အမှတ် MMKWKCHLD1J0000050 ၊ စက်အမှတ်-KA1P52FMI1J000010(ဒစ်ဝိုင်းပါ) ပစ္စည်းများကို သက်သေခံ ပစ္စည်း များအဖြစ် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် အများပြည်သူ စိတ်အနှောက်အယှက်ဖြစ်အောင် အသက်အ န္တရာယ်ကို ဖြစ်စေနိုင်သော ငှက်ကြီးတောင် ဓါးတချောင်း ကို တရား မ၀င်လွယ်ဆောင်ကာ သွားလာနေသူ ရန်နိုင်ဦးကို ဥပဒေအရ အရေးယူပေးပါရန် ရဲအုပ်ထင်လင်းကျော်မှ တရားလိုပြု လုပ် ၍ တိုင်တန်းခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment