Sunday, May 19, 2019

ဒေါ်လာ သန်း ၁ဝဝ ခန့်ခိုးယူသည့် နက်ဝါ့ခ်တခုကို နိုင်ငံ ၆ နိုင်ငံက အာဏာပိုင်များ ဖြိုခွင်း

ခန့်မှန်း အမေရိကန်ဒေါ်လာ သန်း ၁၀၀ လောက် ခိုးယူပြီး ဆိုက်ဘာရာဇ၀တ်မှု ကျူးလွန်တဲ့ နက်ဝါ့ခ်တခုကို နိုင်ငံ ၆ ခုက အာဏာပိုင်တွေ ဖြိုခွင်းလိုက်တယ်လို့ ဥရောပ ရဲတပ်ဖွဲ့အေဂျင်စီက မေလ ၁၆ ရက်မှာ ပြောလိုက်ပါတယ်။ ဂေါ့ဇ်နင်ဆိုတဲ့ နက်ဝါ့ခ်ဟာ လူပုဂ္ဂိုလ် ၄၁,၀၀၀ ကျော်ရဲ့ ကွန်ပျူတာတွေထဲ ၀င်ရောက်ပြီး အမေရိကန် နဲ့ တခြားနေရာတွေက သူတို့အဖွဲ့ဝင် ထိန်းချုပ်တဲ့ အကောင့်တွေကတဆင့် ခိုးယူခဲ့တဲ့ ငွေတွေကို ငွေဖြူပြောင်းလဲခဲ့တယ်လို့ ဥရောပရဲတပ်ဖွဲ့ က ဆိုပါတယ်။



တရားခံတွေဟာ သူတို့ရဲ့ အထူးနည်းပညာ ကျွမ်းကျင်မှုတွေအနဲ့ ၀န်ဆောင်မှုတွေကို တရားမ၀င် ရုရှားစကားပြော အွန်လိုင်းဖိုရမ်မှာ ကြော်ငြာခဲ့တာပါ။

အဲဒီအဖွဲ့ဝင် ၁၀ ယောက်ကို အွန်လိုင်းဘဏ်လုပ်ငန်း အထောက်အထားနဲ့ အပ်နှံတွေကို ခိုးယူရာမှာ ပူးပေါင်းကြံစည်မှုနဲ့  အမေရိကန်ဂျူရီအဖွဲ့က စွဲချက်တင်ထားတယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ အမေရိကန် ရှေ့နေက ပြောပါတယ်။

အဲဒီ နက်ဝါ့ခ် ခေါင်းဆောင်ရှိတဲ့ ဂျော်ဂျီယာ ပြည်နယ်မှာ တရားစွဲဆိုမှုတွေ စတင်နေပြီး ခေါင်းဆောင်ကို ရုံးတင်စစ်ဆေးသွားမှာပါ။ အမေရိကန် ဂျူရီအဖွဲ့ စွဲချက်တင်ထားတဲ့ ရုရှားနိုင်ငံသား ၅ ယောက်ကတော့ လွတ်မြောက်နေဆဲ ဖြစ်တယ်လို့ ဥရောပရဲတပ်ဖွဲ့ က ပြောခဲ့ပါတယ်။

No comments:

Post a Comment