Sunday, May 19, 2019

ပလက်ဝ-မီဇိုရမ်လမ်းဝန်ထမ်းများကို မက်လုံးပေး တာဝန်ချထား

ရခိုင်ပြည်နယ်ရှိ အန္တရာယ်များသော ပလက်ဝ-မီဇိုရမ်လမ်းစီမံကိန်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် လမ်းတ ည်ဆောက်ရေးဝန်ထမ်းများအား မက်လုံးပေးကာ တာဝန်ဆက်လက်ချထားနေရကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောသည်။ ''သူတို့အတွက် Incentive(မက်လုံး) ပေးထားတာကတော့ ဒီစီမံကိန်း သတ်မှတ်အချိန်ပြီးသွားတယ်ဆိုရင် သူတို့လိုချင်တဲ့နေ ရာကို ပြောင်းပေးမယ်ဆိုပြီး Incentive ပေးထားတဲ့အတွက် သူတို့ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း တင်ပြလိုပါတယ်''ဟု မေ၁၇ရက် အစိုးရ၏တတိယတစ်နှစ်အတွင်း ဆောင်ရွက်ချက်များနှင့်စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲတွင် ၄င်းက ပြောကြားသည်။



အဆိုပါလမ်းပိုင်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအနေဖြင့် ဆင်ရိုးအန္တရာယ်၊ ငှက်ဖျားရောဂါအန္တရာယ်အပြင် AA နှင့် ARSAလက်နက်ကိုင်အဖွဲ့အစည်းများ၏ အန္တရာယ်များလည်းရှိနေကြောင်း ဦးကျော်လင်းကပြောသည်။

''အန္တရာယ်ရှိလားလို့မေးရင် အန္တရာယ်ရှိတယ်လို့ဖြေရမှာပဲ။ ဒါပေမယ့်လည်း ဝန်ထမ်းဖြစ်တဲ့အတွက် ရွေးချယ်စရာလမ်းမရှိပါဘူး''ဟု ပြောသည်။

ပလက်ဝ-မီဇိုရမ်လမ်းဖောက်လုပ်ရေးစီမံကိန်းမှ ဝန်ထမ်း၁၃ဦးအဖမ်းခံခဲ့ရပြီး ငါးဦးပြန်လည်လွတ်မြောက်လာသော် လည်း ရှစ်ဦးကျန်ရှိနေသဖြင့် ၄င်းတို့ပြန်လည်လွတ်မြောက်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

''ရှစ်ဦးကတော့ တစ် နေရာမှာ သက်ရှိထင်ရှားရှိနေတယ်လို့ ကျွန်တော်ဒီလောက်ပဲသိထားပါတယ်''ဟု၎င်းက ပြောသည်။

တံတားတည် ဆောက်ရေးစီမံကိန်းမှဝန်ထမ်းတစ်ဦးလည်း အဖမ်းခံထားရပြီး ယင်းနေ့အထိ အဆက်အသွယ်မရသေးကြောင်း ဦးကျော် လင်းက ထပ်မံပြောကြားသည်။

တစ်ဆက်တည်းတွင်ပင် ပြည်သူများစိတ်ဝင်စားလျက်ရှိသော ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်းကိုလည်း လာမည့် ၂၀၂၀တွင် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း လမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်ကပြောသည်။

'' ရန်ကုန်မိုးပျံအမြန်လမ်းက အကြမ်းဖျဉ်းပြောရရင် ၂၀၂၀ထဲမှာစတင်ဆောင်ရွက်ပါမယ်။ အောက်တိုဘာလလောက်မှာ တင်ဒါ အောင်မြင်တဲ့သူကို ထုတ်ပြန်နိုင်မှာဖြစ်ပါတယ်။ ၂၀၂၀မှာ စတင်တည်ဆောက်ဖို့ ဆုံးဖြတ်ဆောင်ရွက်နေပြီဖြစ်ပါတယ်''ဟု ၄င်းက ဆိုသည်။

ရန်ကုန်-နေပြည်တော်-မန္တလေးအမြန်လမ်းဘေးရှိ Eco Green City စီမံကိန်းကို အ ကောင်အထည်ဖော်တည်ဆောက်မည့် Alliance Star ကုမ္ပဏီနှင့်ဝန်ကြီးဌာနတို့ စာချုပ်ချုပ်ဆိုပြီးဖြစ်ကာ လက်ရှိတွင် ဌာန အတွက်တည်ဆောက်ပေးရမည့် တန်ဖိုးနည်းအိမ်ရာများကို စတင်တည်ဆောက်နေကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောသည်။

No comments:

Post a Comment