Sunday, May 19, 2019

လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ဆန်စက်များ ပုံမှန်မလည်ပတ်နိုင်မှုသည် လက်ရှိဆန်စပါးဈေးကွက်အပေါ် ကြီးမားစွာသက်ရောက်မှုရှိနေဟုဆို

လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် ဆန်စက်များ ပုံမှန်မလည်ပတ်နိုင်မှုသည် လက်ရှိ ဆန်စပါးဈေးကွက်အပေါ် ကြီးမား စွာသက်ရောက်မှုရှိနေကြောင်း မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ်ကထုတ် ပြန်လိုက်သည်။ေ နွစပါးပေါ်ချိန်တွင် လျှပ်စစ် မီးပြတ်တောက်မှုကြောင့် စပါးအစို ဓာတ်များသဖြင့် စပါးဈေးများကျ ဆင်းနေကြောင်း မြန်မာနိုင်ငံဆန်ကုန် သည်များအသင်းဥက္ကဋ္ဌ ဦးအောင် သန်းဦးက ပြောသည်။



""မီးကမလာနဲ့ စပါးတွေ အ ခြောက်မခံနိုင်တာတွေကြောင့် ဖြစ် တာ။ စပါးအရည်သွေးကြောင့် အစို ကြီးတွေမဝယ်နိုင်တာ အခြောက် မခံနိုင်ရင်ဝယ်လို့မရဘူး။ ကျွန်တော် ကိုယ်ပိုင်ငွေနဲ့ ဒိုက်ဦးနဲ့အုတ်တွင်း တို့ကစပါးတွေကို တင်းတစ်ရာကို အစိုဓာတ်ဈေး ကျပ်လေးသိန်းလေး သောင်းနဲ့ဝယ်ပေးနေတာ ခုတင်း တစ်သိန်းလောက်ဝယ်ပေးပြီးပြီ""ဟု ၄င်းကပြောသည်။

ယခုနှစ် နွေစပါးပေါ်ချိန်တွင် စပါးဈေးကျဆင်းနေခြင်းနှင့် တောင် သူများ အခက်အခဲဖြစ်နေခြင်းကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အနေဖြင့် ကွင်းဆင်းဝယ်ယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်း သို့ဆောင်ရွက်ရာတွင် သိုလှောင်ရုံ အခက်အခဲ၊ အစိုဓာတ်ရှိသည့်စပါး များအား အခြောက်ခံရန်အခက်အခဲ နှင့် သယ်ပို့ယာဉ်အခက်အခဲများရှိ ၍ လုပ်ငန်းတွင်ကျယ်မှုအားနည်း နေကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်က မေ ၁၈ရက် ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

ဝယ်ယူသည့်စပါးများမှာလည်း အရည်အသွေးမျိုးစုံ၊ အခြေအနေ မျိုးစုံ၊ အမျိုးအစားမျိုးစုံဖြစ်၍ ဝယ် ယူသည့်စပါးများ လေလွင့်ပျက်စီး ဆုံးရှုံးမှုမဖြစ်စေရေးအတွက် လုပ် ဆောင်ရာ၌ အခက်အခဲများစွာနှင့် ကြုံတွေ့ရကြောင်းသိရသည်။
အချိန်တိုအတွင်း စုပြုံပေါ်ထွက် လာသောစပါးများကို ပြည်တွင်း/ ပြည်ပဈေးကွက်အခြေအနေ ပုံမှန် မဟုတ်သောကာလတွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ အသင်းဝင် ဆန်စက်များ၊ ကုမ္ပဏီများအနေဖြင့် တတ်နိုင်သမျှ ကြိုးစားဝယ်ယူပေး နေပြီး နယ်စပ်မှ အရောင်းအဝယ် အလွန်နည်းခြင်းနှင့် နထစသမအကျဆင်း ခြင်းတို့ကြောင့် ယခုအခြေအနေ သည် ပုဂ္ဂလိကသက်သက်ဖြင့်သာ ဆောင်ရွက်၍မရကြောင်း၊ အစိုးရ အနေဖြင့် ပါဝင်ကူညီဆောင်ရွက်ပေး ရန်လိုကြောင်း ထုတ်ပြန်ထားသည်။

No comments:

Post a Comment