Sunday, May 19, 2019

ဖားကန့်တွင် ပထမဆုံး အဆင့်မြှင့် ရုပ်ရှင်ရုံဖွင့်လှစ်

ကချင်​ပြည်​နယ်​၊ ဖားကန့်​မြို့မှာ ပထမဦးဆုံး​ အဆင့်မြင့်ရုပ်​ရှင်​ရုံ ​မေ ၁၈ ​နေ့က ​ဖွင့်လှစ်​ခဲ့ပါတယ်။ ရုပ်ရှင်ရုံရဲ့အမည်ဟာ ကချင်လို Dai Zuk လို့အမည်ပေးထားပြီး မြန်မာလို သူဌေးကြီးလို့ အဓိပ္ပာယ်ထွက်ပါတယ်။ အဆိုပါ အဆင့်မြင့်ရုပ်​ရှင်​ရုံကို ဖားကန့်​မြို့အနီး ဖားကန့်လုံးခင်းကျေးရွာသွားတဲ့ လမ်းမကြီးပေါ်မှာ ဖွင့်လစ်ခဲ့တာ ဖြစ်ပါတယ်။ ရုပ်ရှင်ရုံမှာ ထိုင်​ခုံ​ပေါင်း ၃၉၀ ရှိပြီး လူဦးရေ ၄၀၂ နှစ်​​ယောက်​ ဆံ့​ပါတယ်။ ရုပ်ရှင်ရုံအနီးမှာ အပန်းဖြေ စားသောက်ခန်းနဲ့ အဆင့်မြင့် ကော်ဖီဘားတွေလည်း ဖွင့်လှစ်ထားပါတယ်။ ရုပ်ရှင်လာရောက်ကြည့်ရှုသူတွေရဲ့ ယဉ်တွေ ဘေးကင်းလုံခြုံစွာ ရပ်နားနိုင်ဖို့ မော်တော်ယဉ် ရပ်နားမဲ့ နေရာတွေကိုလည်း စီစဉ်ထားပေးထားပါတယ်။



အခုလို အဆင့်မြင့်ရုပ်ရှင်ရုံ ဖွင့်လှစ်ရတဲ့ ရွယ်ရွယ်ချက်ဟာ ဖားကန့်​မြို့မှာရှိတဲ့ လူငယ်​တွေကို မူးယစ်​​ဆေးဝါးသုံးစွဲမှု ​လျှော့နည်းလာ​စေဖို့နဲ့ လူငယ်​တွေ အလုပ်​အကိုင်​ အခွင့်အလှမ်းတွေ ရရှိ​စေရန်​ ရည်​ရည်​ရွယ်​တယ်လို့ Dai Zuk အဆင့်မြင့်ရုပ်​ရှင်​ရုံရဲ့ အ​ထွေ​ထွေမန်​​နေဂျာ မုန်​​အောင်​က ပြောပါတယ်။

Dai Zuk အဆင့်မြင့်ရုပ်ရှင်ရုံမှာ ရုပ်​ရှင်​ဇာတ်​ကားကြီးတွေကို တ​​နေ့ သုံးကြိမ်​ ပုံမှန် ပြသသွားမှာဖြစ်​ပြီး လက်​မှတ်​တွေကို သုံး​ထောင်​ကျပ်​ကနေ တစ်​​သောင်းခွဲကျပ်​အထိ အစားစား သတ်​မှတ်​ထား​ပါတယ်။

အဆင့်မြင့် ရုပ်ရှင်ရုံဖွင့်ပွဲမှာ ရုပ်​ရှင်​သရုပ်​​ဆောင်​ ဒါရိုက်​တာ အကယ်​ဒမီ လူမင်းတို့ ဇနီး​မောင်​နှံ၊ ကချင်​အနုပညာရှင်​များအသင်းချုပ်​မှ ဥက္က၊ ဦးလ​ထော်​​ဇော်​ဒိန်​၊ ဒါရိုက်​တာ Jz ​ဒေါင်​လွဏ်း၊ နိုင်​ငံ​ကျော်​ ​တေးသံရှင်​ မရန်​ဆိုင်း​နော်​နဲ့ ကချင်​အနုပညာရှင်​တွေ တက်ရောက်ခဲ့ကြပါတယ်။

No comments:

Post a Comment