Sunday, May 19, 2019

ရွှေဘို ကဆုန်ညောင်ရေသွန်းပွဲတော် လူ ၁ သောင်းကျော် လာရောက်

shweစစ်​ကိုင်းတိုင်း​ဒေသကြီး ​ရွှေဘိုမြို့မှာ နှစ်​စဉ်​ကျင်းပလာခဲ့တဲ့ ​ညောင်​​ရေသွန်းပွဲ​တော်​မှာ ကဆုန်​လပြည့်နေ့မှာ မြို့ခံလူထု ၁ သောင်း​ကျော်​ စု​ပေါင်း​ညောင်​​ရေသွန်း​လောင်းခဲ့ကြပါတယ်​။ ​ရွှေဘိုမြို့​ပေါ်မှာ ရပ်​ကွက်​​ပေါင်း ၁၀ ရပ်​ကွက်​ရှိပြီး တရပ်​ကွက်​ခြင်းဆီအလိုက်​ ရပ်​ကွက်​အုပ်​ချုပ်​​ရေးအဖွဲ့အစည်းတွေနဲ့ လူမှု​ရေးအဖွဲ့အစည်းတွေက ဦး​ဆောင်​ကျင်းပကြတာပါ။ ​ရွှေဘိုမြို့မှာ အခြား​ဒေသတွေနဲ့မတူဘဲ ကဆုန်​လဆန်း ၁၃ ရက်​​နေ့က ​မြို့ရဲ့​တောင်းဘက်​ပိုင်းမှာတည်​ရှိတဲ့ ​ရွှေတန်​ဆာဘုရား ဗုဒ္ဓရုပ်​ပွား​တော်​မြတ်​ကို ​မြောက်​တံခါးမှာရှိတဲ့​ မော်​​ဓောမြင်​သာမြို့​ဒေါင့် ​စေတီ​တော်​မြတ်​ဆီကို ကရဝိတ်​ ​ဝေါယာဉ်​နဲ့ ရပ်​ကွက်​​တွေ အလှည့်ကျထမ်းပြီး ပင့်​ဆောင်​ကြတာပါတယ်။



ရွှေတန်​ဆာဗုဒ္ဓရုပ်​ပွား​တော်​မြတ်​ကို မြို့​ဒေါင့်စေတီ​တော်​​ပေါ်မှာ တ​ညအိပ်​ကိန်းဝပ် ​စံ​ပယ်​​အပူ​ဇော်​ခံထားပြီး ကဆုန်​လပြည့်နေ့မနက်​ပိုင်းမှာ ဖူး​မြော်​ကြည်​ညိုလာ​ရောက်​သူ​တွေကို စတုဒီသာ အ​ကျွေးအ​မွေးတွေနဲ ဧည့်​ခံ​ကျွေး​မွေးခဲ့ကြပါတယ်။

လပြည့်​​နေ့ ည​နေပိုင်းမှာ ကိန်းဝပ်​စံပါယ်​​နေတဲ့ ရုပ်​ပွား​တော်​မြတ်​ကို သက်​ဆိုင်​ရာ ရပ်​ကွက်​အမျိုးသားတွေက ​ဝေါယာဉ်​နဲ့ အလှည့်ကျြပန်​လည်​ပင့်​ဆောင်​ကြရာ မြို့တွင်းလမ်းတ​လျောက်​က ဖူး​မြော်​ ​ရေသပ္ပါယ်​ကြပြီး စတုဒီသာများလည်း လမ်းတလျှောက်​​ ကျွေး​မွေးဧည့်ခံကြပါတယ်​။

ကဆုန်​​ညောင်​​ရေသွန်းပွဲ​တော်​ကို နှစ်​စဉ်​ကျင်းပလာခဲ့တာ နှစ်​​ပေါင်းတရာ​ကျော်​ခဲ့​ပြီ ဖြစ်ပြီး အခုနှစ်မှာ စစ်​ကိုင်းတိုင်းဝန်​ကြီးချုပ်​​ဒေါက်​တာမြင့်နိုင်လည်း​ မြို့သူမြို့သားတွေနဲ့အတူ တက်​​ရောက်​ ​ညောင်​​ရေသွန်းခဲ့ပါတယ်​။

No comments:

Post a Comment