Sunday, May 19, 2019

ပြည်ပကစားသမားသုံးဦးကို ရှမ်းအသင်း ခေါ်ယူအားဖြည့်

ရှမ်းအသင်းသည် ရာသီဝက် အပြောင်းအရွှေ့ကာလတွင် ပြည်ပကစားသမားသုံးဦးဖြစ် သည့် နိုင်ဂျီးရီးယားတိုက်စစ်မှူး အီမန်နူရယ်၊ အိုင်ဗရီကို့စ် ကွင်း လယ်လူမက်ဆီမင်နှင့် ကင်မရွန်းနောက်ခံလူ ၀ီလျံတို့ကို အားဖြည့်ခေါ်ယူသည်။  ၂၀၁၉ မြန်မာလိဂ်ပထမ အကျော့အပြီးတွင် အမှတ်ပေး ဇယားကို ဦးဆောင်ထားသည့် ရှမ်းအသင်းသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဘရာဇီးကစားသမား သုံးဦးဖြစ်သည့် ဒီဒီမာ၊ ဂူစတာဗို၊ မယ်ကွန် တို့နှင့် နှစ်ဦး သဘောတူ စာချုပ်ဖျက်သိမ်းပြီးနောက် ကစားသမားသစ်များ အစားထိုး ခေါ်ယူခြင်း ဖြစ်သည်။



ရှမ်းအသင်းသည် မြန်မာလိဂ်ဒုကျော့နှင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းတို့တွင် အောင်မြင်မှု ရရှိစေရန် ရည်ရွယ်၍ မြန်မာလိဂ်အတွေ့အကြုံရှိသည့် ယင်းကစား သမား သုံးဦးကို မေလ ၁၇ ရက်က ရာသီဝက် စာချုပ်ဖြင့် ခေါ်ယူ ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။ အသက် (၂၁) နှစ်အရွယ် နိုင်ဂျီးရီးယားတိုက်စစ်မှူး အီမန်နူရယ်သည် မြန်မာလိဂ်ကလပ် GFA(ယခု ချင်းလန်း)၊ ရန်ကုန်အသင်း တို့တွင် ကစားဖူးပြီး ၂၀၁၈  ဘောလုံးရာသီ၌ ရန်ကုန်အသင်းအ တွက် ၁၃ ဂိုးသွင်းယူသည်။ (၂၆)နှစ်အရွယ် အိုင်ဗရီကို့စ် ကွင်းလယ်လူမက်ဆီမင်သည် မြန်မာလိဂ်ကလပ် ရတနာပုံနှင့် ရှမ်းအသင်းတို့တွင် ကစားဖူးပြီး ပြီးခဲ့သည့်၂၀၁၈ ဘောလုံးရာသီက ဆိုက်ပရပ်စ်ကလပ်ကူကက်ကေမက် လီ၌ ကစားခဲ့သည်။

(၂၈) နှစ်အရွယ် ကင်မရွန်းနောက်ခံလူ ၀ီလျံသည် ၂၀၁၆၊ ၂၀၁၇ တွင် ရတနာပုံအသင်း၌ ကစားပြီး ပြီးခဲ့သည့် ၂၀၁၈ ဘောလုံးရာသီတွင် ရှမ်းအသင်း၌ ကစားခဲ့ကာ လက်ရှိတွင်အသင်းဟောင်းသို့ ပြန်လည်ရောက်ရှိခြင်း  ဖြစ် သည်။

‘‘ဘောလုံးဆိုတာ အသင်းလိုက် ကစားနည်းပါ။ ကျွန်တော့် အသင်းဟောင်းအတွက် အကောင်း ဆုံး ကစားသွားမှာပါ။ ဒီကို ပြန်လာရတာ ပျော်ပါတယ်။ ၂၀၁၆ ကတည်းက ဒီမှာနေခဲ့တာဖြစ်လို့ ကိုယ့်အိမ်လို ဖြစ်နေပါပြီ။ ကျွန်တော့်မှာရှိတဲ့ အကောင်းဆုံးတွေ ကို အသင်းအတွက် အသုံးချ သွားမှာပါ’’ ဟု ရှမ်းအသင်းသို့ တစ်ကျော့ပြန်ရောက်လာသည့် နောက်ခံလူဝီလျံက ပြောသည်။  ရှမ်းအသင်းသည် မေလ ၁၉ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်း ဒိုင်း ကွာတားဖိုင်နယ်အဖြစ် အောင်ဆန်းကွင်း၌ ဟံသာဝတီအ သင်းနှင့် ယှဉ်ပြိုင်မည် ဖြစ်သည်။

No comments:

Post a Comment