Sunday, May 19, 2019

ရန်ကုန်ကို စွန့်ခွာလိုခြင်း

ရန်ကုန်နဲ့ပတ်သက်ပြီး က ဗျာသုံးပုဒ်လောက်ရေးဖူးတယ်။ ၂၀၀၆ လောက်က ပိတောက်မြေ မဂ္ဂဇင်းမှာ တစ်ပုဒ်၊ ၂၀၁၇ မှာ တစ်ပုဒ်၊ ဒီမိုကရေစီတူဒေးမှာ ပါ ဖူးတယ်။ နောက် ရန်ကုန်ကဗျာ စာအုပ်မှာ တစ်ပုဒ်စသဖြင့်။ ရန် ကုန်ကိုမချစ်သော်လည်း အောင့် ကာနမ်းနေရသလို ခံစားမှုနဲ့။ အခု ရန်ကုန်အကြောင်း နောက်တစ်ပုဒ်ဖြစ်မှာပေါ့။စကား ပြေတစ်ပုဒ်ရေးမိပြန်တယ်။ ရန် ကုန်ကို ကြည့်နေရ၊ ခံစားနေရ တာ စိတ်ရှုပ်စိတ်ပျက်စရာအမှိုက် ပုံကြီးပမာ။  ကျွန်တော်ဟာ ရန်ကုန်မှာ မွေး၊ ရန်ကုန်မှာကြီး၊ ရန်ကုန်နဲ့ ပွန်းပွန်းတီးတီးနေခဲ့၊ ရှင်သန်ခဲ့ရ ပေမယ့် အခုတစ်လောရန်ကုန်ကို  စွန့်ခွာချင်စိတ်တွေ တဖွားဖွား ဖြစ်နေတယ်။ လစ်ရင်လစ်သလို ရန်ကုန်ကနေ ပြေးထွက်ဖို့ပဲ စဉ်း စားနေမိတယ်။ ပြောရရင် ရန် ကုန်ကိုစိတ်ကုန်နေပြီ။



လူမှုရေး၊ စီးပွားရေး၊ ကျန်း မာရေး၊ ပညာရေးစသဖြင့် အရေး တွေက အရေးပါနေလို့သာ ရန် ကုန်ကို သည်းခံပြီးပေါင်းသင်းနေ ရတာပါ။ တကယ်တမ်းတော့ ရန် ကုန်ဟာ လူစိတ်ရှိသူတွေကို မောင်းထုတ်ချင်နေတာကြာပါ ပြီ။ ရန်ကုန်ဟာ လူတွေကို သွယ် ၀ိုက်တဲ့နည်းနဲ့ မောင်းထုတ်နေ တာပါပဲ။ ရန်ကုန်မြို့ကြီးကို ကား တွေနဲ့ မြို့ကြောင်းပိတ်ဆို့မှုဖြစ် အောင်လုပ်ပြီး လူတွေကို စိတ် ကျ၊ စိတ်ပျက်အောင်ပြုထား တယ်။ လူနေမှုစရိတ်တွေမြင့် တက်သထက်မြင့်တက်အောင် ပြုထားပြီး လူတွေရဲ့လောဘစိတ် ကို မတော်တဲ့ဘက်ရောက်စေ အောင်တွန်းပို့ထားတယ်။ စိတ် ပိုင်းဆိုင်ရာ မလုံခြုံမှုပြဿနာတွေ လည်း တင်းကျမ်း။ ဓားခုတ်ပွဲ တွေ၊ သေနတ်ပစ်ပွဲတွေ လူစည် ကားရာ ၀န်းကျင်တောင်မရှောင် ဖြစ်နေတဲ့သတင်းတွေ ကြားကြား နေရတော့ တုန်လှုပ်ချောက်ချား နေရတယ်။

ရုပ်ပြတွေထွန်းတောက်ပြီး စိတ်ပိုင်းဆိုင်ရာတွေ အ၀ီစိ အောက်ရောက်နေပုံကဖြင့် ဒေါ် မြလေးလေသံနဲ့ ‘‘ပြော မပြောချင် ဘူး’’ လို့သာ ပြောလိုက်ချင်ပါရဲ့။

* * *

တစ်ခါတစ်ရံ လုံခြုံမှုကင်းမဲ့ နေတဲ့မြို့ကြီးကို ကြည့်ပြီး ဘာ တွေးမိသလဲဆိုတော့ ရန်ကုန်ကို ဟိုငတတွေ ကျိန်စာတိုက်ခဲ့ပုံရ တယ်လို့ ထင်မိတဲ့အထိပဲ။ ရန် ကုန်ရဲ့အရေးပါပုံကို ဒီဘဲတွေ လောက်ဘယ်သူက ပိုသိဦးမှာမို့ လဲ။ ခေတ်တိုင်း၊ စနစ်တိုင်းတစ် ခုခုဖြစ်ရင် ရန်ကုန်က အခရာပဲ။ ရန်ကုန်ဟာစနက်တံပဲ။ ဒါ ကြောင့် လက်ဦးမှုယူပြီး တစ်စစီ ဖဲ့ခြွေနေလေသလားပေါ့။ တ ကယ်လည်း ရန်ကုန်ကို မသေ မရှင်လုပ်ထားတာပဲလေ။ ရန် ကုန်တက်မှပဲ အသက်ရှင်ရမလို လို မောင်းသွင်းနေတာသာကြည့် တော့။ နယ်မြို့တွေကို ဘာမှ လုပ်စရာမရှိအောင်၊ ကျီးနဲ့ဖုတ် ဖုတ်ဖြစ်အောင် သင်းသတ်ထား တယ်။  ရန်ကုန်မှာ ပညာသင်မှပဲ၊ ရန်ကုန်မှာ အလုပ်ရှာမှပဲ ဘ၀ ဖြစ်အောင်သင်ထားတယ်။ လူ တွေကို ကိုယ့်နယ်မြို့လေးတွေ အပေါ် စိတ်နာအောင် သင်ပေး နေတယ်။ အလုပ်အကိုင်အခွင့် အလမ်းကင်းမဲ့၊ မျှော်လင့်စရာ နတ္ထိ။

အခုရန်ကုန်ရဲ့ အတွင်းအူ ကြောင်းထဲကို ၀င်ကြည့်၊ သစ္စာမဲ့ ခြင်းတွေနဲ့ ပွန်းတီးနေတော့တယ်။  လူ့ဘ၀ရဲ့အဓိပ္ပာယ်ရှိမှုတွေကို အပေါစားဆန်ဆန် ရောင်းတမ်း ၀ယ်တမ်းထဲ ရောထည့်နေတယ်။ လူတွေက ကလေးကစားကွင်းထဲ က တိုက်ကားတွေလိုပဲ တိုက်ပစ် မယ်ဆိုတာတွေချည်းပဲ။ လူ့စိတ် တွေ ကင်းမဲ့လိုက်ပုံကလည်း နေ တဲ့သူကို ဖနောင့်နဲ့ပေါက်ပြီး မြောင်းထဲကန်ချဖို့လည်း ၀န် မလေးကြဘူး။ သစ္စာတရားတို့၊ အမှန်တရားတို့ဆိုတာတွေဟာ အိပ်ရာဝင်ပုံပြင်လောက်တောင် အသုံးမ၀င်တော့ပါဘူး။

 * * *

ကျွန်တော်နေတဲ့ မြို့ပြဆင် ခြေဖုံးရပ်ကွက်ထဲမှာ တစ်လော လေးကပဲ ကားနဲ့ဆိုင်ကယ်မတော် တဆငြိကြတယ်။ သူ့အမှား၊ ကိုယ့်အမှားရှိကြမှာပဲ။ ဘယ်သူ့ ဘက်ကမှ ပြေရာပြေကြောင်း လမ်းကို စိတ်မကူးကြဘူး။ ထိုး မယ်၊ ကြိတ်မယ်၊ ရိုက်မယ်၊ နှက် မယ်တွေချည်းပဲ။ ဖြစ်လိုက်ကြ တာအုန်းအုန်းကိုထလို့။ ကား ရောလူပါ ထုရိုက်ကြ၊ ခေါင်းကွဲ သူကွဲ၊ ပွဲလည်းပြီးရော တစ်ဝက်  ကရဲစခန်း၊ တစ်ဝက်က ဆေးရုံ ရောက်ကြတာပါပဲ။ ပြီး... အသေ အချာဆန်းစစ်ကြည့်ရင် အမျိုး တောင်သိပ်ကင်းလှတာမဟုတ် ဘူး။

တကယ်တော့ ဒီလိုမျိုးအ ဖြစ်အပျက်တွေဟာ လူတွေရဲ့ ဆင်ခြင်တုံတရားနဲ့ တိုက်ရိုက် သက်ဆိုင်တဲ့ကိစ္စပေပဲ။ ပညာမဲ့ မှု၊ စိတ်လှုပ်ရှားလွယ်မှုစသဖြင့် အပြစ်တင်ပြောလို့လည်း ရတာ ပါပဲ။ ဒါလည်း မမှားပါဘူး။ ဒါ ပေမဲ့ ဒီလိုအဖြစ်တွေဟာ နေရာ တိုင်းမှာ အလွယ်တကူဖြစ်ပျက် နေကြပြီး သာမန်ထမင်းစားရေ သောက်ကိစ္စလို သဘောရောက် နေကြတယ်။ လူတွေက စိတ်တို အကဲဆတ်မှုတွေ များလာနေကြ တယ်လို့ ယူဆရတယ်။ လောက ပျက်ခြင်းအကြောင်းတရားဆီ ဆိုက်နေသလိုပဲ။

ဒါကို လူတွေရဲ့ဖြစ်လေ့ဖြစ် ထရှိတဲ့ ဒေါသ၊ လောဘ၊ မောဟ စိတ်တွေလို့ချည်းပဲ တထစ်ချမဆို နိုင်ဘူးလို့ ကျွန်တော်တွေးထင်မိ လာတယ်။ လူတွေရဲ့သည်းခံစိတ် တွေလျော့ပါးလာအောင်ပြုတဲ့ တွန်းပို့အခြေအနေတွေ ရှိနေ တယ်လို့ ခပ်ကြောင်ကြောင်တွေး တယ်ပဲဆိုဆို ကျွန်တော်တော့ လျှောက်ဆက်စပ်နေမိတယ်။

 * * *

မကြာသေးခင်က ပတ်စ်ပို့ ရုံးကို စာအုပ်သက်တမ်းတိုးဖို့ ရောက်ဖြစ်ခဲ့တယ်။ အဲသမှာ လွန် ခဲ့တဲ့လေး၊ ငါးနှစ်က ကျွန်တော် တစ်ခါရောက်ဖူးတာနဲ့ နှိုင်းချိန်မိ တယ်။ အပြင်ထွက် အလုပ်လုပ် ဖို့ ကြိုးစားတာဆူနေကြတဲ့ (၂၀) နဲ့(၃၅)ကြား အရွယ်ကောင်းလူ ငယ်တွေအများကြီး တွေ့ခဲ့ရ တယ်။ ယခင်လေး၊ ငါးနှစ်က ထက် ပိုများလာတာကိုတွေ့ရပါ တယ်။ ဒါဘာကြောင့်လဲဆိုရင် အ ဖြေကရှင်းပါတယ်။ ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းနည်း ပါးလို့ဆိုတဲ့ ပြယုဂ်ပါပဲ။ တကယ် လက်တွေ့ကြုံနေရတဲ့ ထင်ရှား သက်သေတွေဖြစ်ပါတယ်။

အခုက ဘာဖြစ်နေသလဲဆို ရရင် ပြည်တွင်းမှာ အလုပ်အကိုင် ရှာဖွေမယ်ဆို ရန်ကုန်ပဲ။ နိုင်ငံ ခြားထွက်လို့ရမယ့်အခြေအနေရှိ ရင် နိုင်ငံခြားထွက်မယ်။ ဒီလိုပုံ သေနည်းချည်းပဲ ဖြစ်နေတယ်။ ဒါ ကို လူကြီးမင်းများကလက်ခုပ်တီး အားပေးနေသလားတောင်ထင် ရတယ်။ ဆက်စပ်တွေးမိပါလေ စ။ တိုင်းပြည်ထူထောင်ဖို့ရာမှာ လူသားအရင်းအမြစ်က ပထမ အဆင့်လိုအပ်ချက်ပါ။ လူမရှိရင် ဘာမှလုပ်လို့မရပါဘူး။ အခု လူ သားအရင်းအမြစ်တွေက ယို ပေါက်ကြီးကနေ ဖိတ်စဉ်ကျနေ တာကြာပါပြီ။

တစ်နှစ်ထက်တစ်နှစ် ရန် ကုန်မှာ လူဦးရေပိုထူထပ်လာ တာ၊ နိုင်ငံခြားထွက်အလုပ်လုပ် တဲ့သူတွေ ပိုပိုလာတာတွေဟာ ကိုယ့်ပြည်တွင်းဒေသအသီးသီး မှာ အလုပ်အကိုင်အခွင့်အလမ်း တွေ တစ်နှစ်ထက်တစ်နှစ်ပိုပို ဆိတ်သုဉ်းလာလို့ဆိုတာ သာမန် ဆန်းစစ်ကြည့်ရုံနဲ့ သိသာတဲ့ကိစ္စ ပါပဲ။ ဆိုတော့ ရန်ကုန်ဟာလည်း တဖြည်းဖြည်းနဲ့ လူတိုင်းနီးပါးဟာ စားကျက်ဦးဖို့ ကြိုးစားကြရင်း လူ နပ် လူဖျံတွေ အမြီးကျက်အမြီး စား၊ ခေါင်းကျက်ခေါင်းစားရာ နေရာတစ်ခုလို ဖြစ်လာနေတော့ တာပါပဲ။
ရန်ကုန်မှာ နိဗ္ဗာန်တမျှရော အ၀ီစိမကပါ အကုန်ရတယ်။ ကောင်းတာရော မကောင်းတာပါ အကုန်ရတယ်။ ထားစရာမရှိသူ နဲ့ စားစရာမရှိသူတွေထွန်းကားလှ တဲ့ လူတန်းစားကွာဟမှုကြီးတာ ရန်ကုန်ပဲ။ ရန်ကုန်ဟာ အရင် တုန်းက အာဏာရှင်အဆက်ဆက် ကို တွန်းလှန်ခဲ့ရာ ဘူမိနက်သန် ဖြစ်ခဲ့တယ်။ ရန်ကုန်ဟာ အခရာ ပဲ။ ရန်ကုန်ကြွရင် တစ်တိုင်းပြည် လုံးထတယ်။ ရန်ကုန်ဟာ ‘စံ’ဖြစ် ခဲ့တယ်။ အခုကျတော့ ရန်ကုန်ကို ‘စံ’ အဖြစ်ထားပြီး တန်ပြန်တော်လှန် ရေးလုပ်နေသလားလို့ ခံစားနေရ တယ်။ ရန်ကုန်ရဲ့ပြယုဂ်ဟာ တိုင်းပြည်ရဲ့ အသုံးမကျတဲ့တံဆိပ် လို၊ လူ့ဘ၀ရဲ့အသရေကင်းမဲ့နေ ပုံလို၊ ရုပ်ရှင်မင်းသားကြီးမြတ် လေးပြောဖူးတဲ့ သွားသုတ်သုတ်၊ စားသုတ်သုတ်၊ သေသုတ်သုတ် ဆိုတာလို ဖြစ်လာနေတယ်။ ရန် ကုန်ကို မပျော်တော့ဘူး။ ရန်ကုန် ကို ရင်မခုန်လိုတော့ဘူး။ ရန်ကုန် ကို ဂြိုဟ်ကြည့် ကြည့်နေမိတယ်။ ဗရုတ်သုတ်ခရန်ကုန်ကို ကျွန် တော်စွန့်ခွာချင်လာပြီ။

No comments:

Post a Comment