Sunday, May 19, 2019

အီတာလျံအိုးပန်း ကွာတားအဆင့်တွင် ဂျိုကိုဗစ်က ဒယ်ပေါ်တိုကို အနိုင်ရ

အီတလီနိုင်ငံ ရုန်းမှာ မေလ ၁၇ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ အီတာလျံအိုးပန်း တင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်မှာ နာမည်ကြီး နိုဗက်ဂျိုကိုဗစ်က ဂျုအန်မာတင်ဒယ်ပေါ်တိုကို အနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။ ပထမပွဲမှာ အာဂျင်တီးနားနိုင်ငံ ဒယ်ပေါ်တိုက ၆-၄ နဲ့ အနိုင်ရခဲ့တာပါ။ ကမ္ဘာ့နံပါတ်တစ် ဂျိုကိုဗစ်ဟာ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရပြီး ဒုတိယပွဲမှာ ၇-၆ နဲ့ နိုင်ခဲ့ပါတယ်။ တတိယပွဲမှာ ဂျိုကိုဗစ်ကပဲ ၆-၄ နဲ့ နိုင်ပြီး နောက်တဆင့်ကို တက်ရောက်သွားပါတယ်။ ဒီပြိုင်ပွဲကို နာမည်ကြီး တင်းနစ်သမားတွေ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရော်ဂျာဖက်ဒရာကတော ညာခြေထောက် ဒဏ်ရာရတာကြောင့် ပြိုင်ပွဲကနေ နုတ်ထွက်ခဲ့ပါတယ်။ ဆားဘီးယားနိုင်ငံသား ဂျိုကိုဗစ်ဟာ အီတာလျံအိုးပန်း ဆီမီးဖိုင်နယ်မှာ အာဂျင်တီးနားက ကမ္ဘာ့အဆင့် ၂၄ ဖြစ်တဲ့  ဒီယေဂို ရှဝပ်စမန်နဲ့ ယှဉ်ပြိုင်ရမှာပါ။

No comments:

Post a Comment