Sunday, May 19, 2019

ရှမ်းရိုးမ - ၂ စစ်ဆင်ရေး ဆောင်ရွက်ချက်အရ တာချီလိတ်မှာ ဘိန်းဖြူတွေဖမ်းမိ

ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးများ တားဆီးနှိမ်နင်းရေး စီမံချက် - ‘ရှမ်းရိုးမ - ၂’ စီမံချက် ဆောင်ရွက်ရာမှာ ရရှိလာတဲ့ သတင်းအရ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်အတွင်းက နေအိမ်တစ်အိမ်ကို ဝင်ရောက်စစ်ဆေးရာမှာ ဘိန်းဖြူ ၄၄၀ ဂရမ်ခန့်ကို မေလ ၁၈ရက် နေ့လည်ပိုင်းက ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။



တာချီလိတ်က မူးယစ်နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေဟာ မယ်ခေါင်ရပ်ကွက်ထဲက နေအိမ်တစ်အိမ်ကို ဝင်ရောက် စစ်ဆေးရာမှာ ဘိန်းဖြူ ၄၄၀ဂရမ်ခန့်နဲ့ မူးယစ်ဆေးဝါးထည့်သွင်းရာမှာ အသုံးပြုတဲ့ ရာဘာစွပ်ငယ် ၆၆၀ ကို ဖမ်းဆီးရမိတာဖြစ်ပါတယ်။

ဘိန်းဖြူတွေကို နေအိမ်မှာတွေ့တာကြောင့် အသက် (၆၁)နှစ်အရွယ် အိမ်ရှင်အမျိုးသမီးကို ဖမ်းဆီးထားပြီး တာချီလိတ်မြို့မ ရဲစခန်းမှာ မူးယစ်ဥပဒေနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

ပတ်ဝန်းကျင်ရဲ့ ပြောဆိုချက်အရ အဲဒီမူးယစ်ဆေးဝါးတွေ ဖမ်းမိတဲ့နေအိမ်မှာ လွန်ခဲ့တဲ့ (၄)လခန့်က စပြီး အမျိုးသား တစ်ဦး ဝင်ထွက်သွားလာနေတယ်လို့ သိရပါတယ်။

No comments:

Post a Comment