Sunday, May 19, 2019

တိုင်းပြည်မတိုးတက်ခြင်းသည် ဖွဲ့စည်းပုံကြောင့်မဟုတ် လူနှင့်သာသက်ဆိုင်ကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌပြော

တိုင်းပြည်မတိုးတက်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်မဟုတ်ဘဲ လူနှင့်သာသက်ဆိုင်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက မေ ၁၇ ရက်တွင် ပြောဆိုသည်။ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) သာယာဝတီ ခရိုင်ရုံး ရွှေသီဟခန်းမ၌ သာယာဝတီခရိုင်အတွင်းရှိ သာယာဝတီ၊ လက်ပံတန်း၊ မိုးညို၊ မင်းလှ၊ အုတ်ဖို၊ ကြို့ပင် ကောက်၊ ဇီးကုန်း၊ နတ်တလင်းမြို့နယ်များရှိ ပြည်ခိုင်ဖြိုး ပါတီဝင်များနှင့် မေ ၁၇ ရက် ညနေ ၃ နာရီတွင် တွေ့ဆုံ စဉ် အမှာစကားပြောရာ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ယင်းကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။



''ဒီကနေ့ တိုင်းပြည်မတိုးတက်တာဟာ အခြေခံ ဥပဒေက အဓိကတရားခံ မဟုတ်ပါဘူး။ ဒီအခြေခံဥပဒေ နဲ့ပဲ ကျွန်တော်တို့က တိုင်းပြည်ကို တစ်နေရာရောက် အောင် ပို့ထားပြီးဖြစ်တဲ့အတွက် မလုပ်နိုင်တာသည် လူနဲ့ဆိုင်ပါတယ်''ဟု ၎င်းက ပြောဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်းပါရှိသော ပုဒ်မများတွင် ပြည်သူအတွက် အကျိုးရှိမည့် ပြင်သင့်ပြင် ထိုက်သည့်ပုဒ်မများကို ပြင်ရမည်ဖြစ်ပြီး ကာကွယ်ရမည့် ပုဒ်မများကို ကာကွယ်သွားကြရမည်ဖြစ်ကြောင်း ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး က ပြောဆိုသည်။

''သို့သော်လည်းပဲ ဒါတစ်သက်လုံး ကျောင်းဆွေးဆွေး၊ လူဆွေးဆွေး၊ အရိုးဆွေးဆွေး၊ တိုင်းပြည်ဆွေးဆွေး ဒီဥပဒေကိုထားရမယ်လို့ မဆိုလိုပါ။ တကယ်အကျိုးရှိမယ့်ဟာ ပြင်ရမယ်ဆိုတာကို လက်ခံတဲ့အတွက် အခု ၂၆၁ ကို တင်သွင်းခဲ့တာပဲ။ ၅၉ ကိုကာကွယ်တာပဲ။ ထားသင့်တဲ့ဟာကို ထားရမယ်။ ပြင်သင့်တဲ့ဟာကို ပြင်ရပါမယ်။ အခြေအနေအချိန်အခါ ကိုက်လာရင် လုပ်ပေးရပါမယ်''ဟု ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောဆိုသည်။

No comments:

Post a Comment