Sunday, May 19, 2019

ကျိုင်းတုံ၌ တရားမဝင် တောချက်အရက်ရောင်းသူကို ယစ်မျိုးဥပဒေဖြင့် အမှုဖွင့်

Image may contain: drinkရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ မိုင်းဇင်းကျေးရွာအုပ်စု၊ ပန်လော့ကျေးရွာတွင် မေလ ၁၆ ရက်၊ ညပိုင်းက တရားမဝင် တောချက်အရက်ရောင်းသူ အမျိုးသားတစ်ဦးကို ယစ်မျိုးဥပဒေဖြင့် အမှုဖွင့်ခဲ့ကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှ သိရသည်။ ကျိုင်းတုံခရိုင်မှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲမှ ရဲအုပ် ကျော်ဆန်း ဦးစီးတပ်ဖွဲ့ဝင်များ၊ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး သိန်းလှိုင်၊ စခန်းမှူး ဒုရဲမှူး ကျော်ဆန်းဦး တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မေလ ၁၆ ရက်၊ ညနေ ၄ နာရီခန့်က တရားမဝင် ဒေသချက်အရက်များ ရောင်းချနေကြောင်း သတင်းအရ
ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စု၊ ပန်လောကျေးရွာရှိ စိုင်းဝန်းထောင်း၏ နေအိမ်ဈေးဆိုင် အတွင်းသို့ ဝင်ရောက်ရှာဖွေရာ နေအိမ်ဆိုင်အတွင်းတွင် ၆ ဂါလံဝင် အပြာရောင်ပလပ် စတစ်ပုံးဖြင့် ထည့်ထားသော ဒေသချက်အရက် ၉ ပုံး(ဒေသပေါက်ဈေးငွေကျပ် ၃၁၅ဝဝဝ)နှင့် ၁ ဒသမ ၂၅ လီတာပါ ပလပ်စတစ် အချိုရည်ဗူးကြီးဖြင့် ထည့်ထားသည့် ဒေသ ချက်အရက် ၈ ဘူး၊ (ဒေသပေါက်ဈေးငွေကျပ် ၈ဝဝဝ)တို့အား တွေ့ရှိရသဖြင့် သိမ်းဆည်းခဲ့သည်။ သို့ဖြစ်၍ တရားမဝင်တောချက်အရက်များအား လက်ဝယ်တွေရှိသူ စိုင်းဝန်းထောင်း (၂၈ နှစ်)၊ ပန်လော့ကျေးရွာ၊ မိုင်းဇင်းကျေးရွာအုပ်စု၊ ကျိုင်းတုံမြို့နေသူအား ကျိုင်း တုံမြို့မရဲစခန်းက (ပ)၅၂၇/၂ဝ၁၈၊ ယစ်မျိုးဥပဒေပုဒ်မ ၃ဝ(က)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

No comments:

Post a Comment