Sunday, May 19, 2019

သြစတြေးလျဝန်ကြီးချုပ် ရွေးကောက်ပွဲ အနိုင်ရ

သြစတြေးလျ ဝန်ကြီးချုပ် စကော့တ်မော့ရစ်ဆန်ဟာ ရွေးကောက်ပွဲ အနိုင်ရပြီဖြစ်ကြောင်း မေလ ၁၈ ရက်က အခိုင်အမာ ပြောလိုက်ပါတယ်။ အစောပိုင်းက လစ်ဘရယ်ဝါဒီတွေ ဦးဆောင်တဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်တွေကို ရှုံးမယ်လို့ ဟောကိန်းထုတ်ထားပေမယ့် မထင်မှတ်ဘဲ အနိုင်ရခဲ့တာပါ။ စနေနေ့က ရေတွက်ပြီးစီးတဲ့ မဲတွေရဲ့ တဝက်ကျော်ကို ရထားလို့ လက်ရှိအာဏာရ ညွန့်ပေါင်းအစိုးရဟာ အာဏာဆက်ရှိ နေမှာပါ။


ဒါပေမယ့် မောရစ်ဆန် ဦးဆောင်တဲ့ ညွန့်ပေါင်းဟာ မဲအများစုကိုရပြီး ခိုင်ခိုင်မာမာ အုပ်ချုပ်နိုင်မလား တသီးပုဂ္ဂလတွေရဲ့ ထောက်ခံမှုကိုရဖို့ ညှိနှိုင်းဖို့ လိုဦးမလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

နောက်ဆုံး မဲရလာဒ်တွေလဲ မထွက်သေးပါဘူး။ အတိုက်အခံ လေဘာပါတီ ခေါင်းဆောင် ဘီလ်ရှော့တန်ကတော့ အရှုံးကိုဝန်ခံပြီး စနေညက ပါတီခေါင်းဆောင် အဖြစ်ကနေ နုတ်ထွက်သွားပါတယ်။

No comments:

Post a Comment