Sunday, May 19, 2019

ရခိုင်​စစ်​ရေးပြဿနာများအား ဖြေရှင်းဆောင်​ရွက်​ပေးရန်​ မြို့နယ်​လေးမြို့နယ်​တွင်​ဆန္ဒပြ

Image may contain: 1 person, crowd and outdoorခိုင်​ပြည်​နယ်​အတွင်းလက်​ရှိဖြစ်​ပွားလျက်​ရှိနေသည့်​ တိုက်​ပွဲများအား ရပ်​စဲပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုများပြုလုပ်​ကြရန်​နှင့်​ စစ်​ဘေးရှောင်​ဒုက္ခသည်​များအရေးကို အစိုးရက တာဝန်​ယူဖြေရှင်းပေးရန်​ မေလ ၁၉ ရက်​နေ့ နေ့လည်​ ၁ နာမှစတင်​ကာ မြို့နယ်​တချို့တွင်​ ဆန္ဒပြတောင်းဆိုခဲ့ကြသည်​။ အဆိုပါဆန္ဒပြတောင်းဆိုမှုကို စစ်​တွေ၊ မောင်​တော၊ ပုဏ္ဏကျွန်း၊ ပေါက်​တောမြို့နယ်​မှားတွင်​ ပြုလုပ်​ခဲ့ကြပြီး အရပ်​ဖက်​အဖွဲ့အစွဲ့အစည်းများနှင့်​ သံဃာတော်​များပူးပေါင်းပါဝင်​ခဲကြပြီး တောင်းဆိုမှုများပြုလုပ်​ခဲ့ကြသည်​။


"လက်​ရှိရခိုင်​ပြည်​နယ်​အတွင်းက စစ်​ရေးပြဿနာတွေမှာ အရပ်​သားတွေ ထိခိုက်​တယ်​။ သေဆုံးနေရတယ်​။ ကျေးရွာတွေကိုဝင်​ရောက်​ပစ်​ခတ်​တာတွေလည်းကြုံနေရတယ်​။ ဒါကြောင့်​ တခြားနေရာတွေလို ရခိုင်​မှာလည်း အပစ်​ရပ်​ပြီးတော့ ဆွေးနွေးကြဖို့နဲ့ ဒုက္ခသည်​တွေရဲ့အခက်​အခဲတွေကို ဖြေရှင်းပေးဖို့ တောင်းဆိုတဲ့ ဆနဒဖော်​ထုတ်​မှုဖြစ်​ပါတယ်​" ဟု ဆန္ဒပြခေါင်းဆောင်​ ဦးအောင်​ဌေးကပြောသည်​။

ထို့နောက်​ အဆိုပါဆန္ဒဖော်​ထုတ်​မှုမှ အချက်​လေးချက်​ကို တောင်းဆိုခဲ့ကြပြီး ယင်းအချက်​များအား သက်​ဆိုင်​အစိုးရအဖွဲ့အစည်းများအနေဖြင့်​ ဆောင်​ရွက်​ပေးရန်​ လူမှုအဖွဲ့အစွဲ့အစည်းများနှင့်​ သံဃာတော်​များက စာပို့တင်​ပြခဲ့ပြီးဖြစ်​သည်​။

"အခုကျွန်​တော်​တို့ တောင်းဆိုချက်​တွေကို အရင်​ကတည်းက အစိုးရကိုတင်​ပြထားပြီးပါပြီ။ စစ်​ပွဲတွေရပ်​ဖို့နဲ့ ဒုက္ခသာည်​တွေကိစ္စအချက်​လေးချက်​ပါ။ အစိုးရက ဘာမှဆောင်​ရွက်​တာမတွေ့တဲ့အတွက်​ ဆန္ဒဖော်​ထုတ်​ရတာပါ။"ဟု ဦးအောင်​ဌေးက ဆက်​လက်​ပြောကြားသည်​။

ယင်းအချက်​မှားမှာ တခြားစစ်​တိုင်ျးားကဲသို့ ရခိုင်​ပြည်​နယ်​အတွင်း စစ်​ပွဲများရပ်​စဲပြီး ငြိမ်းချမ်းရေးဆွေးနွေးရန်​၊ မိုးမကျမီ စစ်​ဘေးရှောင်​မျေားနေရပ်​ပြန်​နိုင်​ရေးဆောင်​ရွက်​ပေးရန်​၊ စစ်​ဘေးရှောင်​ကူညီရေးအဖွဲ့များအား တားဆီးမှုမပြုလုပ်​ရန်​နှင့်​ အရပ်​သားများထိခိုက်​သေဆုံးရမည့်​ ဖြစ်​ရပ်​များနောက်​ထပ်​ မပြုလုပ်​ရန်​အစိုးရမှ အထူးကြတ်​မတ်​ပေးရန်​ စသည့်​အချက်​များဖြစ်​သည်​။

ယင်းအချက်​များအား စစ်​တွေမြို့ရှိ အရပ်​ဖက်​အဖွဲ့အစွဲ့အစည်းများနှင့်​ သံဃာတော်​မှား စုပေါင်းပြုလုပ်​ခဲ့သည့်​ မေလ ၆ ရက်​နေ့အစည်းအဝေမှ ဆုံးဖြတ်​ခဲ့ကြခြင်းဖြစ်​သည်​။

No comments:

Post a Comment