Sunday, May 19, 2019

အဂတိလိုက်စားမှု ပုံစံအမျိုးမျိုးကို စဉ်ဆက်မပြတ်လျှော့ချရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ တစ်ခုတည်းဖြင့် မလုံလောက်ဘဲ ထုတ်ဖော်သတင်းပေး နိုင်သူများအား အကာအကွယ်ပေးပြီး ဆုချီးမြှင့်မှုများဖြင့် အသိအမှတ်ပြုမှုများ လုပ်နိုင်ရန် လိုအပ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌဌ ပြောကြား

 အဂတိလိုက်စားမှု ပုံစံအမျိုးမျိုးကို စဉ်ဆက်မပြတ် လျှော့ချရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ တစ်ခုတည်းဖြင့် မလုံလောက်ဘဲ တိကျသော သတင်းအချက်အလက်များဖြင့် ထုတ်ဖော် သတင်းပေးနိုင်သူများကို တစ်ဖက်တွင် လုံလောက်သော အကာအကွယ်များပေးပြီး အခြားတစ်ဖက်တွင်လည်း ထိရောက်သော ဆုချီးမြှင့်မှုများဖြင့် အားပေးအသိအမှတ်ပြုမှုများ လုပ်နိုင်ရန် လိုအပ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌဌ ဦးအောင်ကြည်က ပြောကြားသည်။


မေ ၁၇ ရက်က နေပြည်တော်၌ ပြုလုပ်သည့် အများပြည်သူအကျိုး ထုတ်ဖော်သတင်းပေးသူများအား အကာအကွယ်ပေးရေး ဥပဒေ (မူကြမ်း) အလုပ်ရုံဆွေးနွေးပွဲ အဖွင့်အမှာစကား ပြောကြားရာတွင် ကော်မရှင်ဥက္ကဋ္ဌဌက အထက်ပါအတိုင်း ထည့်သွင်းပြောဆိုခြင်း ဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က သတင်းထုတ်ပြန်သည်။


“အဂတိလိုက်စားမှု ပုံစံအမျိုးမျိုးကို စဉ်ဆက်မပြတ် လျှော့ချရန် ဆိုရာတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ တစ်ခုတည်းဖြင့် မလုံလောက်ဘဲ တိကျသော သတင်းအချက်များဖြင့် ထုတ်ဖော်သတင်း ပေးနိုင်သူများကို တစ်ဖက်မှ လုံလောက်သော အကာအကွယ်များပေးပြီး အခြားတစ်ဖက်မှလည်း ထိရောက်တဲ့ ဆုချီးမြှင့်မှုများဖြင့် အားပေးအသိအမှတ်ပြုမှုများ လုပ်နိုင်ဖို့ လိုပါတယ်” ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌဌ ဦးအောင်ကြည်က ပြောကြားသည်။

ထိုကဲ့သို့ ပြုလုပ်နိုင်မှသာ အလုပ်ဌာနများ အတွင်း၌ အကျင့်ဖောက်ပြန် နေသူများကို ဖြောင့်မတ် တည်ကြည်သူများက ရင်ဆိုင်နိုင်စွမ်း ရှိလာကြမည် ဖြစ်ကြောင်း၊ မီးများမီးနိုင်၊ ရေများရေနိုင် ဆိုသကဲ့သို့ ဖြောင့်မတ်တည်ကြည်မှုက အကျင့်ဖောက်ပြန်မှုအပေါ် အနိုင်ရအောင် လုပ်နိုင်မှသာ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်နှင့် အဆင့်တိုင်းတွင် ထိရောက်သော၊ တာဝန်ယူမှုရှိသော၊ အားလုံးပါဝင်နိုင်သော အင်စတီကျူးရှင်းများကို တည်ဆောက်နိုင်မည် ဖြစ်ကြောင်း၊ ယင်းကဲ့သို့ပြုလုပ်နိုင်ခြင်း မရှိပါက  ကောင်းမွန်သော အုပ်ချုပ်ရေး ဆိုသည်မှာ စိတ်ကူးယဉ်သက်သက်သာ ဖြစ်နေလိမ့်မည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌဌက ပြောကြားသည်။

ထို့ကြောင့် ကော်မရှင်၏ ၂၀၁၈ ခုနှစ် မေလက ရေးဆွဲခဲ့သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး မဟာဗျူဟာ စီမံချက် (၂၀၁၈ - ၂၀၂၁) လုပ်ငန်းစဉ် ၁.၄ တွင် တိုင်ကြားသူနှင့် သတင်းပေးသူအား အကာအကွယ်ပေးရန် စီမံဆောင်ရွက်ခြင်း ခေါင်းစဉ်အောက် ပန်းတိုင် ၁.၄.၁ ၌ ‘ထုတ်ဖော်သတင်း ပေးသူများအား အကာအကွယ် ပေးရေးနှင့် သက်ဆိုင်သော ဥပဒေမူဘောင် ဖွံ့ဖြိုးတိုးတက်ရန် အစီအမံများ ဆောင်ရွက်ခြင်း’ ဟု ဖော်ပြထားပြီး ဆောင်ရွက်ပြီးစီးရန် မျှော်မှန်းထားသော အချိန်ကာလမှာ ၂၀၁၉/၂၀၂၀ ဟု သတ်မှတ်ထားကြောင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌဌက ပြောကြားသည်။

ထို့ပြင် ထုတ်ဖော်သတင်းပေးသူများအား အကာအကွယ်ပေးရေး ဥပဒေသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကိစ္စ တစ်ခုတည်းဖြင့် ပတ်သက်နေခြင်း မဟုတ်ကြောင်း၊ အစိုးရဌာနများ၊ အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများနှင့်သာ သက်ဆိုင်နေခြင်းလည်း မဟုတ်ကြောင်း၊ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်အောက်ရှိ အစိုးရနှင့် အများပိုင် သို့မဟုတ် ပုဂ္ဂလိကပိုင် အလုပ်ဌာန အားလုံးတွင် ထုတ်ဖော်သတင်းပေးသူများသည် ငွေကြေးခဝါချမှု၊ မူးယစ်ဆေးဝါး ကုန်သွယ်မှု၊ လူကုန်ကူးမှု၊ အစားအစာနှင့် ဆေးဝါးအတု ပြုလုပ်မှု၊ သိပ္ပံနည်းပညာဆိုင်ရာ လိမ်လည်မှုများ၊ လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရမှု၊ လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပေးမှု၊ ငွေညစ်မှု၊ အထက်အောက် အနိုင်ကျင့်မှု၊ ဆရာမွေး တပည့်မွေးမှု စသည့်ကိစ္စများကို ဖော်ထုတ်တိုက်ဖျက် ရာတွင်လည်း အဆိုပါ ဥပဒေသည် အရေးကြီးသော အခန်းကဏ္ဍဍတွင် ပါဝင်လာမည်ဖြစ်ကြောင်း ဦးအောင်ကြည်က ပြောကြားသည်။

“ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖြစ်စေရန်နဲ့ အင်စတီကျူးရှင်းများ ဖြောင့်မတ်တည်ကြည်မှုရှိပြီး ညီညွတ်ခိုင်မာ တောင့်တင်းစေရန်အတွက် ကျွန်တော်တို့ဟာ အလုပ်ဌာနတိုင်းမှာ အကျင့်ဖောက်ပြန်မှုတွေကို ဆက်လက် ထွေးပိုက်ထားလို့ မရတော့ပါဘူး။ ရဲရဲဝံ့ဝံ့ ရှင်းထုတ်ကြရမှာ ဖြစ်ပါတယ်” ဟု အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌဌ ဦးအောင်ကြည်က ပြောကြားသည်။

သို့သော် လက်ရှိအချိန်ကစပြီး လုပ်နိုင်မှသာ နောင်ဆယ်စုနှစ် တစ်ခုတွင် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖြစ်လာရန်အတွက် မျှော်လင့်နိုင်မည်ဖြစ်ကြောင်း ဦးအောင်ကြည်က ပြောကြားသည်။

လက်ရှိအစိုးရ လက်ထက်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့် အရေးယူခံရသည့် ရာထူးကြီး ပုဂ္ဂိုလ်များမှာ တနင်္သ࿿ာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် ရန်ကုန်တိုင်း ဒေသကြီး ဥပဒေချုပ်ဟောင်း ဦးဟန်ထူးတို့ဖြစ်သည်။ 

No comments:

Post a Comment