Sunday, May 19, 2019

အီတလီအိုးပင်းအကြိုဗိုလ်လုပွဲသို့ ဂျိုကိုဗစ်နှင့် နာဒယ်တက်ရောက် ပြိုင်ပွဲမှ ဖက်ဒဲရာ နုတ်ထွက်

ကမ္ဘာ့နံပါတ် (၁) တင်း နစ်ကစားသမား ဂျိုကိုဗစ်က အာ ဂျင်တီးနားမှ မာတင်ဒယ်လ်ပေါ် ထရိုကို ၄-၆၊ ၇-၆ (၈-၆)၊ ၆-၄ ဖြင့် အနိုင်ရပြီး အီတလီအိုးပင်း အကြိုဗိုလ်လုပွဲသို့ တက်ရောက် ခဲ့သည်။ ‘‘သူကစားတာ ကောင်းပြီး ကျွန်တော့်ကို အများကြီးဒုက္ခပေး ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်က ယုံကြည်မှု မပျောက်ဆုံးခဲ့ဘူး။ ဒီ အဆင့်ကို ဖြတ်ကျော်နိုင်ခဲ့လို့ ကျွန်တော်တအားကျေနပ်မိပါ တယ်’’ ဟု ဂျိုကိုဗစ်က ပြော သည်။ ဆားဘီးယားကြယ်ပွင့်ဂျိုကို ဗစ်သည် အကြိုဗိုလ်လုပွဲတွင် အာဂျင်တီးနားမှ ဒီယေဂိုရှဝါ့ဇ် မန်းနှင့် ကစားရမည်ဖြစ်သည်။ လက်ရှိချန်ပီယံနှင့် အီတလီ အိုးပင်းရှစ်ကြိမ်ရ စပိန်နိုင်ငံသား ရာဖေးလ်နာဒယ်က တစ်နိုင်ငံ တည်းသား ဖာနန်ဒိုဗာဒက်စကို ကို ၆-၄၊ ၆-၀ ဖြင့် အနိုင်ရရှိ သည်။



နာဒယ် (၃၂) နှစ်သည် ပြိုင်ပွဲမှ ရော်ဂျာဖက်ဒဲရာ နုတ် ထွက်သောကြောင့် အကြိုဗိုလ် လုပွဲသို့ တက်ရောက်လာသည့် ဂရိတက်သစ်စလူငယ် စတီဖာနို တီစီပရပ်စ် (၂၀) နှစ်နှင့် ယှဉ်ပြိုင် ရမည်ဖြစ်သည်။

အီတလီအိုးပင်းတွင် ဗိုလ် လုပွဲသို့ လေးကြိမ်ရောက်ဖူးသော် လည်း ဗိုလ်စွဲခြင်းမရှိသော ကမ္ဘာ့ အဆင့် (၃) ရော်ဂျာဖက်ဒဲရာ(၃၇) နှစ်သည် ညာဘက်ခြေထောက် ဒဏ်ရာကြောင့် ပြိုင်ပွဲမှနုတ်ထွက် ခဲ့သည်။ ‘‘ကျွန်တော် ယှဉ်ပြိုင်နိုင်မှာ မဟုတ်လို့ စိတ်ပျက်ရပါတယ်။ ကိုယ်ကာယကြံ့ခိုင်မှုက ရာနှုန်း ပြည့် မရှိပါဘူး။ ကျွန်တော့်ရဲ့ အဖွဲ့နဲ့ တိုင်ပင်ပြီးတဲ့အခါမှာ မကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရောမမြို့ဟာ လည်ပတ်ဖို့ ကျွန် တော်အမြဲတမ်း အကြိုက်ဆုံး တွေထဲက တစ်မြို့ပါ။ လာမယ့် နှစ်မှာ ဝင်ပြိုင်မယ်လို့ မျှော်လင့် ပါတယ်’’ ဟု ဂရင်းဆလမ်အ ကြိမ် (၂၀) ချန်ပီယံဖက်ဒဲရာက ပြောကြားသည်။

No comments:

Post a Comment