Sunday, May 19, 2019

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ အပင်နှစ်သောင်းခန့်စိုက်မယ့် သရုပ်ဆောင်နေထူးနိုင်

 နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ်မွေးနေ့ဇွန်လ ၁၉ ရက် တွင် ချောက်မြို့၌ သစ်ပင်နှစ် သောင်းခန့်စိုက်ပျိုးမည် ဖြစ် ကြောင်း သရုပ်ဆောင်နေထူးနိုင်  ကပြောသည်။ ‘‘အဓိကက သစ်ပင်တွေသာ ဆက်ပြုန်းတီးနေရင် လူတွေရော၊ ကျေးငှက်တိရစ္ဆာန်တွေရောအ တွက်က အရမ်းအန္တရာယ်ရှိလာ နိုင်သလိုဒုက္ခတွေလည်း ရောက် နိုင်တယ်’’ ဟု သစ်ပင်စိုက်ပျိုး  ရန်စီစဉ်သည့်အကြောင်း ပြော သည်။


သစ်ပင်စိုက်မည့်အစီအစဉ်  ကို မကွေးတိုင်းအစိုးရအဖွဲ့အပါ အ၀င် ၀န်ကြီးဌာနများနှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး က ကူညီပြီး အနုပညာရှင်များ၊ မိတ်ဆွေများကလည်း ယင်းအစီ အစဉ်အတွက် ပါဝင်လှူဒါန်း ကြောင်း ၎င်းကဆိုသည်။

သစ်ပင်စိုက်ပျိုးမည့်နေရာ ကို မြေနှင့်ပတ်သက်သည့် ပညာ ရှင်များနှင့်အတူ မြေအနေအ ထားကို ကိုယ်တိုင်သွားရောက် လေ့လာပြီး စိုက်ပျိုးမည့်နေရာ နှင့် ပတ်သက်၍အစိုးရအဖွဲ့ထံ မေးမြန်းကာ ရွေးချယ်ထား ကြောင်း ၎င်းကဆိုသည်။

‘‘အခုမြေစရှင်းနေပြီ။ စိုက် တဲ့နေရာတွေမှာ ၀န်ထမ်းတွေ လည်းထားခဲ့မယ်။ အခုလှူတဲ့ ငွေတွေက အပင်ဖိုးတင်မဟုတ် ဘူး။ စိုက်တဲ့အပင်တွေရှင်သန်ဖို့ ၀န်ထမ်းစရိတ်ပါပါတယ်’’ ဟု  နေထူးနိုင်ကပြောသည်။

၎င်း၏ ဇာတိမြို့သည် ရေနံ ချောင်းဖြစ်သော်လည်း လက်ရှိ တွင် မြန်မာနိုင်ငံ၌ အပူဆုံးဒေ သည် ချောက်မြို့ဖြစ်သော ကြောင့် ချောက်မြို့တွင် သစ်ပင် စိုက်ရန် စီစဉ်ခဲ့ကြောင်း၎င်းက ဆိုသည်။ သစ်ပင်စိုက်သည့်နေ့ တွင် အနုပညာရှင်များပါဝင် မည်ဖြစ်ပြီး စိတ်ဝင်စားသူများ လည်း  လာရောက်ကူညီနိုင် ကြောင်း ၎င်းကပြောသည်။

လတ်တလောတွင် ယင်းအ စီအစဉ် လှုံ့ဆော်ရေးအနေဖြင့် အနုပညာရှင်များက ကမ်ပိန်း ပရိုဂရမ်ရိုက်ကူးနေပြီး ယင်း ကိုကြည့်ရှု၍ ပရိသတ်များလည်း ပူးပေါင်း ပါဝင်စေလိုကြောင်း ၎င်းကဆိုသည်။ ဗီဒီယိုဈေး ကွက်ပျက်နေသော်လည်း ၎င်း၏ ဇာတ်ကားများသည် နယ်ပရိ သတ်အခိုင်အမာရှိသောကြောင့် ဇာတ်ကားရိုက်ကူးရေး ဆက် လက်ပြုလုပ်နေပြီး လက်တလော သစ်ပင်စိုက်မည့်ကိစ္စ   ဆောင် ရွက်နေသောကြောင့် ကားရိုက် ခေတ္တနားထားသည်ဟု နေထူးနိုင် ကပြောသည်။ ‘‘တိုက်တိုက်ဆိုင်ဆိုင် ချောက်မှာသစ်ပင်စိုက်ဖို့သွား ကြည့်တယ်။  နောက်နေ့မိုးရွာ တယ်။ အဲဒါကြောင့်ချောက်က လူတွေက ကွီးနေထူးနိုင်နော်အ ပင်မစိုက်ရသေးဘူး။ မိုးရွာတယ် လို့ပြောကြတယ်’’ ဟု ဖေ့စ်ဘွတ်ခ်  တွင် Troll သည့် ကိစ္စနှင့်ပတ်သက် ၍ နေထူးနိုင်က ပြောသည်။

No comments:

Post a Comment