Sunday, May 19, 2019

စစ်ဘေးဒုက္ခသည်များပြန်လည်အခြေချသည့် နန်ဆန်ယန်ရွာတွင် ကျောင်းဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေ

တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် နန်ဆန်ယန် ကျေးရွာတွင် ကျေးရွာပြန်လည် ထူထောင်ရေးနှင့်ရှစ်နှစ်ကြာပိတ် ထားသည့် အစိုးရအလယ်တန်း ကျောင်းဖွင့်လှစ်နိုင်ရေး စတင် လုပ်ဆောင်နေကြောင်း ၀ိုင်းမော် မြို့နယ်အထွေထွေအုပ်ချုပ်ရေး မှူးဦးထွန်းထွန်းက ပြောသည်။ ယင်းကျေးရွာမှ ဒေသခံများ သည် ခုနစ်နှစ်ကျော်စစ်ဘေးတိမ်း ရှောင်ပြီးနောက် ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် တပ်မတော်၏အ စီအစဉ်ဖြင့် ဇန်န၀ါရီက ကျေးရွာ သို့ ပြန်လည်အခြေချနေထိုင်ခဲ့ ခြင်းဖြစ်သည်။
နေရပ်ပြန်မှုအစီ အစဉ်သုံးကြိမ်ပြုလုပ်ပြီးနောက် လက်ရှိတွင် ပြန်လည်နေထိုင်သူ အိမ်ထောင်စု ၁၀၀ ကျော်(လူဦး ရေ ၄၀၀ ခန့်)ရှိနေပြီဖြစ်ကြောင်း ၎င်းကပြောသည်။ နန်ဆန်ယန် ကျေးရွာအ တွင်း ပြန်လည်ထူထောင်ရေးလုပ် ငန်းများနှင့် အုပ်ချုပ်ရေးယန္တရား များ ဆောင်ရွက်နိုင်ရန် ကျေးရွာ အုပ်ချုပ်ရေးမှူး ခန့်ထားနိုင်ရေး တင်ပြထားကြောင်း ဦးထွန်းထွန်း က ယမန်နေ့တွင် ပြောသည်။‘‘တည်ငြိမ်အေးချမ်းနေတဲ့ အတွက် နန်ဆန်ယန်ကျေးရွာကို အုပ်ချုပ်ရေး ပုံမှန်ဆောင်ရွက်နိုင်ဖို့အတွက်ကို ဆောင်ရွက်ဖို့ နန်ဆန်ယန်ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ စာရေးဝန်ထမ်းတစ်ဦးခန့်ထားဖို့ပေါ့နော်။ အထက်ကို တင်ပြထားတယ်။ လုပ်ထုံးလုပ်နည်းနဲ့အညီ ၂၀၁၂ခုနှစ်ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးဥပဒေနဲ့အညီ အဲဒါကို ခန့်ထားခွင့်ပြုဖို့ တင်ပြထားတယ်’’ ဟု ဦးထွန်းထွန်းက မေလ ၁၈ ရက်တွင် ပြောသည်။

ကျေးရွာသို့ ပြန်လည်လာ ရောက်နေထိုင်သူများအနက် ကျောင်းနေအရွယ်ကလေးငယ် ၁၀၀ ခန့်ပါဝင်ကြောင်း ဦးထွန်း ထွန်းက ပြောသည်။ လက်ရှိတွင် တိုက်ပွဲများကြောင့် ပိတ်ထားခဲ့ရ သည့် နန်ဆန်ယန်ကျေးရွာရှိ အ လယ်တန်းအဆင့် အစိုးရစာသင် ကျောင်းကို ၂၀၁၉-၂၀ ကျောင်း ဖွင့်ရာသီအမီ  ပြန်လည်ဖွင့်လှစ် နိုင်ရေးနှင့် ကျောင်းပြန်လည်ပြု ပြင်နိုင်ရေး ပညာရေးဝန်ကြီး ဌာနနှင့် ချိတ်ဆက်ဆောင်ရွက်နေ ကြောင်း ၎င်းကဆက်လက်ပြော ကြားသည်။

‘‘ကျောင်းပြန်ဖွင့်ဖို့ ပညာ ရေးကနေပြီးတော့မှ ကျောင်းတွေ ပြင်ဆင်၊ ကျောင်းဆောင်တွေ ပြင်ဆင်မွမ်းမံဖို့ အဲဒါတွေကျွန် တော်တို့ ကြားဖြတ်လျာထားတင် ပြဖို့လုပ်နေတယ်။ ကျောင်းဆရာ မတွေ၊ ကျောင်းဖွင့်ရာသီအမီ ကျောင်းသားတွေ ဘာတွေ လက် ခံဖို့ပေါ့နော်။ အဲဒါတွေကို ပညာ ရေးကနေပြီးတော့ ဆောင်ရွက် နေတယ်’’ ဟု ၎င်းကပြောသည်။ တပ်မတော်နှင့် KIA သည် ၂၀၁၁ ဇွန်လ ၉ ရက်တွင် တိုက်ပွဲ စတင်ဖြစ်ပွားရာ ကျေးရွာကြီး တစ်ရွာဖြစ်သော မြစ်ကြီးနား- ဗန်းမော်ကားလမ်းဘေးရှိ နန်ဆန် ယန်ရွာ၌ တိုက်ပွဲပြင်းထန်စွာဖြစ် ပွားခြင်းကြောင့် ဇွန်လ ၁၀ ရက် တွင် ထွက်ပြေးတိမ်းရှောင်ရခြင်း ဖြစ်သည်။

No comments:

Post a Comment