Sunday, May 19, 2019

ဂျပန်ကုမ္ပဏီနှစ်ခုက လျှပ်စစ်ကဏ္ဍတွင် မြှုပ်နှံရန် ထိုင်း TTCL ကုမ္ပဏီ၏ ရှယ်ယာအများစုကို ဝယ်ယူ

ဂျပန်ကုမ္ပဏီနှစ်ခုက အလုံမြို့နယ်ရှိ ၁၂၁ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံ၏ ရှယ်ယာ ၅၇ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံအခြေ စိုက် TTCL ကုမ္ပဏီထံမှ ဝယ်ယူ ခဲ့ကြောင်း အဆိုပါ ဂျပန်ကုမ္ပဏီ များက သတင်းထုတ်ပြန်သည်။ ရှယ်ယာ ဝယ်ယူခဲ့သည့် ဂျပန်ကုမ္ပဏီများသည် Shikoku Electric Power နှင့် Chugoku Electric Power တို့ဖြစ်ပြီး ယင်း ကုမ္ပဏီနှစ်ခုက ရှယ်ယာ ၂၈ ဒသမ၅ ရာခိုင်နှုန်းစီနှင့် ထိုင်း TTCL ကုမ္ပဏီက ကျန် ၄၃ ရာခိုင်နှုန်း ပိုင်ဆိုင်မည်ဖြစ်သည်။ အဆိုပါ ဂျပန်ကုမ္ပဏီများ ဝယ်ယူခဲ့သည့် အလုံဓာတ်အား ပေးစက်ရုံသည် ၂၀၁၃ ဧပြီတွင် စတင်လည်ပတ်နေပြီး ၂၀၄၃ မေလအထိ နှစ် ၃၀ ကြာ စီမံကိန်း အဖြစ် ဂျပန်နှင့် ထိုင်းကုမ္ပဏီများ က ဆက်လက်လုပ်ကိုင်ခွင့်ရမည် ဖြစ်သည်။


ကုမ္ပဏီတစ်ခုစီ ရှယ်ယာ တန်ဖိုးသည် ကန်ဒေါ်လာ ၃၇ သန်းနှင့် ၄၆ သန်းကြားရှိမည်ဟု ကုမ္ပဏီက ဆိုထားသည်။  မြန်မာနိုင်ငံက လျှပ်စစ် ကဏ္ဍတွင် ဈေးကွက်လိုအပ်ချက် မြင့်မားလာ၍ ရင်းနှီးမြှုပ်နှံမှု တိုး မြင့်မည့်နေရာတစ်ခုအဖြစ် သတ် မှတ်ထားသည်ဟု Chugoku Electric ကုမ္ပဏီက မေလ ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။

ယခင်အစိုးရ လက်ထက် တွင် လှော်ကား၊ ရွာမ၊ အလုံနှင့် သာကေတတို့၌ လျှပ်စစ်ဓာတ် အား မဂ္ဂါဝပ် ၂၂၀ ထုတ်လုပ်နိုင် သည့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများ ခွင့်ပြုပေးခဲ့ သည်။  ထိုင်း TTCL ကုမ္ပဏီကို အလုံမြို့နယ်တွင် LNG (သဘာဝ ဓာတ်ငွေ့ရည်) အသုံးပြု၍ ဓာတ် အား ၃၈၈ မဂ္ဂါဝပ်ထုတ်လုပ်မည့် စီမံကိန်း လုပ်ကိုင်ရန် လက်ရှိ အစိုးရက ၂၀၁၈ တွင် ထပ်မံခွင့် ပြုပေးထားသည်။ အဆိုပါ စီမံ ကိန်းသည် ဒေါ်လာ သန်း ၅၀၀ အကုန်အကျခံပြီး ၂ နှစ်ကြာ တည်ဆောက်ရေးလုပ်ငန်းများ လုပ် ကိုင်မည်ဖြစ်သည်။ ထို့အပြင် TTCL ကုမ္ပဏီက ကရင်နှင့် မွန်ပြည်နယ်တွင် မဂ္ဂါ ဝပ် ၁,၂၀၀ ကျော်စီ ထုတ်လုပ် မည့် ကျောက်မီးသွေးဓာတ်အား ပေးစက်ရုံနှစ်ခုကို တည်ဆောက် ရန် စီစဉ်ခဲ့သော်လည်း ကန့်ကွက်မှုများကြောင့် ရပ်တန့်ထားရသည်။

No comments:

Post a Comment