Sunday, May 19, 2019

အိန္ဒိယနိုင်ငံ မိုးရေးတွင် မီးလောင်၊ မြန်မာမီးသတ်ကားများ ၀ိုင်းဝန်းငြှိမ်းသတ်

အိန္ဒိယနိုင်ငံ မဏိပူပြည်နယ်ထဲက မိုးရေးမြို့မှာ မေ ၁၈ ရက်နေ့ နေ့လယ်ပိုင်းက စက်သုံးဆီအရောင်းဆိုင်ငယ် မီးလောင်ခဲ့ပြီး နယ်နိမိတ်ထိစပ်နေတဲ့ မြန်မာနိုင်ငံ တမူးမြို့က မီးသတ်တွေ သွားရောက်ကူညီငြှိမ်းသတ်ခဲ့တယ်လို့ တမူးမြို့ မီးသတ်တပ်ဖွဲ့က သိရပါတယ်။ မိုးရေးမြို့ အာရှပတ် လမ်းမကြီးဘေးက လမ်းအမှတ် ၈ စက်​သုံးဆီအရောင်းဆိုင်၊ အချိုရည်​၊ ယမကာ နဲ့ အဝတ်​အထည်​ဆိုင်​အတွင်း ဒီနေ့ နေ့လယ် ၁ နာရီလောက်မှာ လောင်ကျွမ်းခဲ့တာဖြစ်ပြီး စက်သုံးဆီဆိုင်ကနေတဆင့် ကူးစက်ခဲ့တာလို့ ဒေသခံတချို့က ပြောပါတယ်။ အဲ့ဒီ မီးလောင်မှုကို တမူးခရိုင် မီးသတ်တပ်ဖွဲ့က မီးငြိမ်းသတ်ယာဉ် ၂ စီးနဲ့အတူ မီးသတ်တပ်ဖွဲ့ဝင်တွေက မီးငြိမ်းတဲ့အထိ ကူညီငြှိမ်းသတ်ပေးခဲ့တယ်လို့ သိရပါတယ်။

No comments:

Post a Comment