Sunday, May 19, 2019

အီတာလျံအိုးပန်း ဗိုလ်လုပွဲတွင် ဂျိုကိုဗစ်နှင့် နဒါး တွေ့ဆုံ

မနေ့က အီတလီနိုင်ငံ Rome မှာ ယှဉ်ပြိုင်သွားတဲ့ အီတာလျံအိုးပန်း တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ နာမည်ကြီး ရာဖယ် နဒါးက ဂရိက စတက်ဖီနိုစ် ဆီဆီပတ်စ်ကို ၂ ပွဲပြတ်နဲ့ အနိုင်ရသွားပါတယ်။ မြေစေးကွင်းဘုရင် နဒါးက ပထမပွဲကို ၆ – ၃၊ ဒုတိယပွဲကို ၆ – ၄နဲ့ အနိုင်ရတာပါ။ ပြီးခဲ့တဲ့တပတ် မက်ဒရစ်အိုးပန်းမှာတုန်းက စတက်ဖီနိုစ် ဆီဆီပတ်စ်ကို ရှုံးထားတဲ့ ရှုံးကြွေးကို ဒီပွဲမှာ ပြန်ဆပ်နိုင်ခဲ့ပါတယ်။


နောက်ပွဲစဉ်ဖြစ်တဲ့ အီတာလျံ အိုးပန်း ဆီမီးဖိုင်နယ်ပွဲစဉ်မှာပဲ ကမ္ဘာ့နံပါတ်တစ် နိုဗက် ဂျိုကိုဗစ်က အဆင့် ၂၄ ဖြစ်တဲ့ အာဂျင်တီးနားက  ဒီယေဂို ရှဝပ်စမန်ကို ၃ ပွဲကစားပြီးမှ အနိုင်ရခဲ့ပါတယ်။ အာဂျင်တီးနက ရှဝပ်စမန်ဟာ အီတာလျံအိုးပန်းမှာ ဆီမီးအဆင့်ကို ပထမဆုံး တက်ရောက်နိုင်ခဲ့တာပါ။ ဒီပွဲနိုင်တဲ့ ဂျိုကိုဗစ်က  ဗိုလ်လုပွဲမှာ လက်ရှိ ချန်ပီယံ ရာဖယ် နဒါးနဲ့ ယှဉ်ပြိင်ရမှာပါ။

No comments:

Post a Comment