Sunday, May 19, 2019

၂၀၁၈-၁၉ ခုနှစ်လောလုံးရာသီ၏ The Premier League Grounds Team of the Season ဆုအား မန်ယူအသင်းရရှိ

၂၀၁၈-၁၉ ခုနှစ်လောလုံးရာဦအား ဆုဖလားလက်မဲ့ အခြေအနေဖြင့် ဖြတ်ကျော်ခဲ့ရသည့် မန်ယူအသင်းသည် အဆိုပါရာသီအတွက် မြက်ခင်းပြင်အကောင်းဆုံးဆု (The Premier League Grounds Team of the Season) ချီးမြှင့်ခြင်းခံခဲ့ရကြောင်း သတင်းများတွင်ရေးသားဖော်ပြထားသည်။ေ ဘာလုံးရာသီတစ်လျောက်တွင် ပြိုင်ပွဲကျင်း ပရေးတာဝန်ရှိသူများနှင့် ဒိုင်လူကြီးများက ကွင်းမြက်ခင်းပြင် အနေအထား၊ ပတ်ဝန်းကျင်အနေအထားအပါအဝင် အချက်အလင်အချို့အပေါ် အမှတ်ပေးခြင်ုးဖြင့် အဆိုပါဆုအား ရွေးချယ်ပေးအပ်ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၇-၁၈ ခုနှစ်ဘောလုံးရာသီအတွက် The Premier League Grounds Team of the Season award ဆုအား ဝတ်ဖို့ဒ်အသင်းက ရရှိခဲ့သည်။



အိုးလ်ထရက်ခ်ျဖိုဒ်ကွင်း၏ မြက်ခင်းပြင် မန်နေဂျာဖြစ်သူ တိနီဆင့်ကလဲယားက '' မယုံကြည်နိုင်လောက်အောင်ပါပဲ။ အသင်းတစ်သင်းအနေနဲ့ ဒီဆုရရှိခဲ့တာက တကယ့်ကို ဂုဏ်ယူစရာပါ။ ဒီဆုရရှိတဲ့အတွက် ကျွန်တော့်ရဲ့ အဖွဲ့သားတွေအတွက်လည်း ဂုဏ်ယူပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကိုယ့်နောက်မှာ ကောင်းမွန်တဲ့ အဖွဲ့တစ်ဖွဲ့ရှိဖို့ လိုအပ်တယ်မဟုတ်လား'' ဟု ပြောဆိုခဲ့သည်။

အဆိုပါဆုအတွက် အကဲဖြတ်တာဝန်ရှိသူများက ဘုန်းမောက်၊ အာဆင်နယ်၊ လီဗာပူး၊ နယူးကာဆယ်နှင့် ဆောက်သမ်တန်အသင်းတို့ကိုလည်း ကောင်းမွန်သည့် မှတ်ချက်များပေးခဲ့ကြောင်း သတင်းများတွင် ဆက်လက်ရေးသားသည်။ မန်ယူအသင်းအနေဖြင့် The Premier League Grounds Team of the Season award ဆု ရရှိခြင်းအား ဂျာနယ်လစ် ဆိုင်မွန်ပက်က Twitter စာမျက်နှာတွင် ဖော်ပြခဲ့ရာ ပရိသတ်အချို့က လှောင်ပြောင်သရော်သည့် မှတ်ချက်များ ရေးသားခဲ့ကြသည်။

No comments:

Post a Comment