Sunday, May 19, 2019

ခက်မိုက်မိုက်ဖိုက်တာတစ်ဦးအဖြစ်တွေ့ရတဲ့ ပရိသတ်အချစ်တော် အောင်လအန်ဆန်း

ကမ္ဘာ့နိုင်ငံအသီးသီးကလေးစားအားကျနေရတဲ့ မြန်မာ့ကိုယ်စားပြု One Championship (MMA) ကမ္ဘာ့ချန်ပီယံကြီး အောင်လအန်ဆန်းရဲ့အောင်မြင်မှုကို အားလုံးလည်း လေးစားကြမယ်ထင်ပါတယ်။ ပွဲကောင်းများစွာကို ထိုးသတ်ခဲ့ပြီး ကမ္ဘာ့နိုင်ငံအသီးသီးက လက်ဝှေ့သမားများစွာရဲ့ လေးစားမှုကို ရရှိထားတဲ့သူတစ်ယောက်ဆိုလည်း မမှားပါဘူး။



အောင်မြင်မှုများစွာကိုရရှိထားတဲ့ အောင်လအန်ဆန်းကတော့ လက်ရှိမိသားစုကို အချိန်ပေးအနားယူနေပြီး မကြာမီယှဉ်ပြိုင်မည့် လိုက်ဟဲဗီးဝိတ်ချန်ပီယံကာကွယ်ပွဲအတွက်လည်း ပြင်ဆင်မှုတွေပြုလုပ်လျှက်ရှိတာတွေ့ရပါတယ်။ ကမ္ဘာ့အသိမှတ်ပြု One Championship (MMA) ချန်ပီယံကြီး အောင်လအန်ဆန်းကတော့ သူ့ရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို မကြာခဏပြသလေ့ရှိပြီး ဘဝကို လက်ဝှေ့လောကထဲကနေပြီး ရိုးရိုးသားသားဖြတ်သန်းနေသူတစ်ဦးလည်းဖြစ်ပါတယ်။

မကြာသေးမီက အောင်လအန်ဆန်းကတော့သူ့ရဲ့ ဖေ့စ်ဘွက်စာမျက်နှာပေါ်တွင် ခက်မိုက်မိုက် ဒီဇိုင်းတွေနဲ့ အမိုက်စားပုံရိပ်တွေကို ရိုက်ကူးပြသထားတာတွေ့ရပါတယ်။ အဆိုပါ ပုံရိပ်လေးတွေထဲမှာ အနောက်တိုင်းစတိုင်ခက်မိုက်မိုက်ပုံရိပ်တွေနဲ့အတူ လေ့ကျင့်ရေးဝတ်စုံအမိုက်စားနဲ့ ရိုက်ကူးထားတဲ့ ပုံရိပ်တွေလည်းပါဝင်နေတာတွေ့ရပါတယ်။ နိုင်ငံဂုဏ်ဆောင် ကမ္ဘာ့ချန်ပီယံကြီး အောင်လအန်ဆန်းရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

No comments:

Post a Comment