Sunday, May 19, 2019

ABSDF ဗဟိုကော်မတီဝင်တစ်ဦး ဘောလုံးကစားနေစဉ် ရုတ်တရက် ကွယ်လွန်

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ဗဟိုကော်မတီ ဝင် ဦးကျော်ကိုကိုသည် ဘောလုံးကစားနေစဉ် နှလုံးရောဂါကြောင့် ရုတ်တရက်ကွယ်လွန်ကြောင်း ၎င်း၏ဘောလုံးကစားဖော် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ ဦးဘိုကြည်က ပြောသည်။ ထိုင်းနိုင်ငံ မဲဆောက်မြို့၌ မေလ ၁၇ ရက် ညတွင် ဘောလုံး ကစားစဉ် ရုတ်တရက် လဲကျသ ဖြင့် ရှေးဦးသူနာပြုစုနည်းဖြင့် ကုသပြီး အရေးပေါ်ကားခေါ်ယူ၍ မဲဆောက်ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ ဆေးရုံတွင် စက်ဖြင့် ဆက်လက် ကုသသော်လည်း မေလ ၁၇ ရက် ည ၈ နာရီ ၁၀ မိနစ်၌ သေဆုံးကြောင်း ဆရာဝန်က အတည်ပြုခဲ့သည်ဟု ၎င်းက ဆက် လက်ပြောသည်။



‘‘ပွဲစပြီး မိနစ် ၂၀ လောက်မှာ မှ သူ့ကို ထည့်ကစားတာ။ ထည့်ကစားတော့ ကစားချိန်က မိနစ် ၄၀ လောက်တော့ ဖြစ်မှာပေါ့။ သူကစားတဲ့ ပုံစံကလည်း မနေ့က တော့ အရင်ထက်စာရင် နည်းနည်းနှေးတာမျိုးကို တွေ့ရတယ်။ နောက်ဆုံး ပွဲပြီးသွားပြီဆိုတဲ့အခါ မှာ ဘောလုံးက သူ့ခြေထောက် ထဲမှာ ရှိနေတယ်။ အဲဒီဘောလုံး ကို သူကန်ထုတ်လိုက်ပြီးတဲ့အခါ ကျတော့ မှောက်လျက်လဲကျသွား တာ’’ ဟု ဦးဘိုကြည်က ပြော သည်။ ဦးကျော်ကိုကိုသည် အရက်၊ ဆေးလိပ်၊ ကွမ်းတို့ သောက်စား သုံးစွဲလေ့မရှိဘဲ ကျန်းမာရေး လိုက်စားသူဖြစ်သော်လည်း နှလုံး ရောဂါအခံရှိနေခြင်းကြောင့် ယခု ကဲ့သို့ ရုတ်တရက် ကွယ်လွန်ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အသက်(၅၀)ကျော်အရွယ် ဦးကျော်ကိုကိုကွယ်လွန်ခြင်းနှင့် ပတ်သက်ပြီး ABSDF ဥက္ကဋ္ဌ ဦးသံခဲက ‘‘ကြီးကြီးမားမား ဆုံးရှုံးရပြန်ပြီ’’ဟု ၎င်း၏ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင် ရေးသားသည်။

ဦးကျော်ကိုကိုသည် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ် သီးအစည်းအဝေးများနှင့် ပြည် ထောင်စုငြိမ်းချမ်းရေးညီလာခံတို့ အပါအဝင် ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲများတွင် ABSDF ကိုယ် စားလှယ်အဖြစ် တက်ရောက်ခဲ့သူဖြစ်သည်။

ဦးကျော်ကိုကိုသည် ABSDF စတင်ဖွဲ့စည်းစဉ်ကတည်းက ပါ ဝင်သူဖြစ်ပြီး အဖွဲ့အစည်းတွင် ဗဟိုကော်မတီဒုဥက္ကဋ္ဌ၊ အထွေ ထွေအတွင်းရေးမှူးနှင့် ဗဟိုဦး ဆောင်ကော်မတီဝင် တာဝန်များ ထမ်းဆောင်ခဲ့သူဖြစ်သည်။

ဦးကျော်ကျော်ကို၏နာရေး ကို မေလ ၂၁ ရက်တွင် မဲဆောက် ၌ ပြုလုပ်မည်ဖြစ်သည်။ ၎င်းကွယ် လွန်ချိန်တွင် ဇနီးနှင့် သမီးတစ်ဦး ကျန်ရှိ၍ သမီးပညာရေးအတွက် မိတ်ဆွေများက ဝိုင်းဝန်းကူညီထောက်ပံ့ရန် ဦးဘိုကြည်က တိုက်တွန်းသည်။

No comments:

Post a Comment