Sunday, May 19, 2019

ဘောလုံးအကယ်ဒမီ လူရွေးပွဲသို့ ကစားသမား ၂၀၀ ကျော် လာရောက်ရွေးချယ်ခံ

 မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်က ကြီးမှူးဖွင့်လှစ်သည့် ဘောလုံးအကယ်ဒမီများ၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အ တွက် နောက်ဆုံးအဆင့် ကျောင်းသားသစ်များ ရွေးချယ်ပွဲတွင်  ကစားသမား ၂၀၀ ကျော် လာ ရောက် ရွေးချယ်ခံသည်။  အဆိုပါ ကျောင်းသားသစ် ရွေးချယ်ပွဲကို မေလ ၁၅ ရက်မှ၁၈ ရက်အထိ မန္တလေးမြို့ရှိ မြန်မာဘောလုံး အကယ်ဒမီ(မန္တ လေး)၌ ကျင်းပခဲ့သည်။ ကစားသမားသစ် ရွေးချယ်ပွဲသို့တိုင်းဒေသကြီးနှင့် ပြည်နယ် ယူ-၁၄၊ ယူ-၁၂ ပြိုင်ပွဲများမှ ပဏာမရွေးချယ်ခံထားရသည့်  ကစားသမား ၅၀ ကျော်နှင့်ပခုက္ကူ၊ မော်ကျွန်း၊ ရှမ်း(တောင်) စသည့် အခြားဒေသများမှ လူငယ် ၁၅၀ ကျော်  လာရောက်ရွေးချယ်ခံကြသည်။



အဆိုပါ ကစားသမားများကို ဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဒါ ရိုက်တာ မစ္စတာအဲရစ်၊ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးတင်မြင့်အောင်၊ လူငယ်ဖွံ့ဖြိုးရေး ဒါရိုက်တာ  ဦးညီညီလတ်တို့  ဦး ဆောင်သည့် နည်းစနစ်အဖွဲ့နှင့် နည်းပြအဖွဲ့ဝင်များက ရွေးချယ်ခဲ့သည်။

ကစားသမားများ၏ အရည်အချင်း စစ်ဆေးနိုင်ရန် ယခင်ရွေးချယ်သည့် ပုံစံများနှင့် မတူညီဘဲ နှစ်ဖက်ခွဲ၍ ဂိမ်းကစားခိုင်းသည့်ပုံစံဖြင့် ရွေးချယ်ခဲ့ကြောင်း  ဦးညီညီလတ်က ပြောသည်။

‘‘ဒီနှစ် ရွေးချယ်တဲ့ စနစ်အရတော့ ကလေးတွေရဲ့ အရည်အချင်းကို ပွဲကစားစဉ်အတွင်းမှာ သေသေချာချာ ကြည့်နိုင်တာပေါ့။ အရင်တုန်းကဆို ဘယ်လိုရွေးမယ် ဆိုတာ သိထားတော့ ကြိုပြင်ထားလို့ရတယ်။ အခုကတော့ ဂိမ်းကစားတဲ့ အချိန်တွင်းမှာ ဘယ်သူက ဘယ်လိုဆိုတာကို ချက်ချင်း အကဲဖြတ် နိုင်ပါတယ်။ ပင်ကိုထူးချွန်သူတွေလည်း မြင်ရသလို အခြေခံအားနည်းတဲ့ သူလေးတွေလည်း ရှိပါတယ်။ ကစားသမားအများစုကတော့ ခန္ဓာကိုယ်ဖွဲ့ စည်းပုံ အားနည်းကြတာ များ တယ်။ ဒီအသက်အရွယ်မှာ အရမ်းကြီး ကာယဖွံ့ဖြိုးတဲ့ ကစားသမားကတော့ ရှားတာပေါ့။ အခုလာရွေးခံတဲ့ ကလေးတွေ အများစုကညှက်ကြတယ်။ လေး၊ငါးယောက်လောက် အရပ်အမောင်း ကောင်းတာလည်း ရှိပါတယ်’’ဟု ဦးညီညီလတ်က ဆိုသည်။  ရန်ကုန်၊ မန္တလေး၊ ပုသိမ် မြို့တွင် ဖွင့်လှစ်ထားသည့် ဘောလုံးအကယ်ဒမီ များအတွက် ရွေးချယ်ခံရသည့် အပြီးသတ် ကစားသမားစာရင်းကို လူရွေးချယ်မှု  ပြီးစီးသည်နှင့် ကြေညာမည်ဖြစ်ကြောင်း ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်သည်။

No comments:

Post a Comment