Sunday, May 19, 2019

သတင်းသမားတွေကို ပုပ်ရဟန်းမင်း ချီးကျူးဂုဏ်ပြု

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သတင်းရယူရင်း သေဆုံးသွားရတဲ့ သတင်းသမားတွေကို ချီးကျူးဂုဏ်ပြုလိုက်ပြီး သတင်းလွတ်လပ်ခွင့်ဆိုတာ နိုင်ငံတစ်ခုရဲ့ကျန်းမာသန်စွမ်းမှုပြဆိုတဲ့ အဓိကအကျဆုံး ညွှန်းကိန်းဖြစ်ပါတယ်လို့ ပြောလိုက်ပါတယ်။

အီတလီနိုင်ငံမှာ စနေနေ့က ပြုလုပ်တဲ့ နိုင်ငံခြားသတင်းထောက်များ အစည်းအရုံးနဲ့ တွေ့ဆုံပွဲမှာ ပုပ်ရဟန်းမင်းကြီးက အခုလိုပြောကြားလိုက်တာပါ။ အာဏာရှင်တွေ ပထမဆုံး စတင်လုပ်ဆောင်တာဟာ သတင်းလွတ်လပ်ခွင့်ကို ဖယ်ရှားတာပဲဆိုတာကို မမေ့ကြပါနဲ့၊ ကျနော်တို့ဟာ နှိပ်စက်ညှင်းပန်းခံနေရသူ၊ ဖယ်ရှားခံနေရသူ၊ ခွဲခြားဆက်ဆံခံနေရသူ သားကောင်တွေဘက်က ရပ်တည်ရေးသားမယ့် သတင်းသမားတွေ လိုအပ်ပါတယ်လို့လည်း ပုပ်ရဟန်းမင်းကြီးက ပြောခဲ့ပါတယ်။

သတင်းသမားတွေဟာ သတင်းတု သတင်းမှားတွေကို ရှောင်ရှားနိုင်အောင် ကြိုးစားကြဖို့နဲ့ အတိဒုက္ခရောက်နေသူတွေ၊ အထူးသဖြင့် မြန်မာပြည်က ရိုဟင်ဂျာနဲ့ အီရတ်နိုင်ငံက ယာဇီဒီလူမျိုးတွေရဲ့သတင်းတွေကို ဆက်လက် ဖော်ထုတ်တင်ပြဖို့ တိုက်တွန်းလိုက်ပါတယ်။ ၂၀၁၇ ခုနှစ်အတွင်းက မြန်မာ့တပ်မတော်ရဲ့ နယ်မြေရှင်းလင်းမှုကြောင့် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာ တစ်သန်းနီးပါးနဲ့၊ အီရတ်နိုင်ငံထဲက IS အဖွဲ့ဝင်တွေ သေနတ်နဲ့ပစ်၊ ခေါင်းဖြတ်၊ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်တာကိုခံခဲ့ရတဲ့ ယာဇီဒီလူမျိုး ကိုးထောင်လောက်ကို သူက ရည်ညွှန်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

No comments:

Post a Comment