Sunday, May 19, 2019

အိုကလာဟိုးမားမြို့က သည်းထိတ်ရင်ဖိုဖြစ်ရပ်

အမေရိကန်နိုင်ငံ အိုကလာဟိုးမားမြို့က ပြတင်းပေါက်သန့်ရှင်းရေးသမားနှစ်ဦးဟာ ကံကောင်းထောက်မစွာနဲ့ အသက်ဘေးက လွတ်မြောက်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ မေ ၁၆ ရက်နေ့က သူတို့နှစ်ဦးဟာ မြို့ရဲ့ အမြင့်ဆုံးဖြစ်တဲ့ အထပ် ၅၀ တိုက်တလုံးရဲ့ ထိပ်မှာ သန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်နေချိန် သူတို့ကိုထိန်းထားတဲ့  ခြင်းက လည်ထွက်သွားပြီးတော့ အောက်ကို ပြုတ်ကျတော့မလိုဖြစ်ပွားခဲ့တာပါ။ သူတို့နှစ်ဦးဟာ အထပ်မြင့်မှာ မီးသတ်သမားတွေ ရောက်မလာခင်အထိ တွဲလောင်းအနေအထားနဲ့ ဖြစ်ခဲ့ရပြီး နောက်ပိုင်းမှာတော့ မီးသတ်သမားတွေရဲ့ အောင်မြင်စွာ ကယ်ဆယ်ခြင်းကို ခံခဲ့ရပါတယ်။ လက်ရှိအချိန်ထိ ဒီဖြစ်ရပ်ကို ဖြစ်စေတဲ့ အကြောင်းအရင်း ကိုတော့ မသိရသေးပါဘူး။

No comments:

Post a Comment