Sunday, May 19, 2019

မန္တလေးမြို့ရှိ နေအိမ်တစ်ခုတွင် လူတစ်ဦးက အနုကြမ်းဝင်းစီးသူကို ရဲတပ်ဖွဲ့က ၂၄နာရီအတွင်း ဖမ်းဆီးရမိ

Image may contain: 1 personမန္တလေး အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် မေ(၁၈) ရက် နံနက်(၉)နာရီခွဲခန့်က အမည်မသိအမျိုးသားတစ်ဦးက နေအိမ်အိပ်ခန်းအတွင်းဝင်ရောက်ကာ အနုကြမ်းစီးမှုဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ ပြစ်မှုကျုးလွန်သူတရားခံကို ၂၄နာရီအတွင်းဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ြ ဖစ်စဉ်မှာ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ အကွက်အမှတ်(၄၄)နေ ဒေါ်ခင်သန်းမြင့်သည် နေအိမ်အိပ်ခန်းအတွင်း ကုတင်ပေါ်တွင် ဖုန်းဖြင့် Face bookအား ကြည့်ရူနေစဉ် အိပ်ခန်းအတွင်းသို့ အမည်မသိအမျိုးသား(၁)ဦးသည် မျက်နှာတွင် အဝတ်မဲအုပ်၍ ဝင်ရောက်လာပြီး ဒေါ်ခင်သန်းမြင့်၏ ပါးစပ်အားပိတ်ကာမကြောက်ရန်ပြောဆိုပြီး နောင်ကျောအား အရှည်(၄) လကကက်မခန့်ရှိချွန်ထက်သော အရာဝတ္ထုအားပြ၍ ငွေလိုချင်ကြောင်းပြောဆိုခဲ့သည်။



၎င်းအမျိုးသားသည် ကုတင်ဘေးရှိစာပွဲခုံအံဆွဲများအား ဆွဲဖွင့်ရှာဖွေရာ ငွေများမတွေ့ရှိသည့်အတွက် "ဘာရှိလည်းဘာရှိလည်း"ဟုပြောဆိုသဖြင့် ဒေါ်ခင်သန်းမြင့်မှ အသက်အန္တရာယ်တစ်စုံတစ်ရာပြုမည်စိုးရိမ်၍ "ငွေတော့မရှိဘူး။မင်းလိုချင်ရင် နားကပ်ယူသွား"ဟုပြောရာ ၄င်းမှ"ဒါဆိုလည်းချွတ်ချွတ်"ဟုပြောဆိုသဖြင့် ဒေါ်ခင်သန်းမြင့်က နားတွင်ဝတ်ဆင်ထားသည့်စိန်ခြယ်နားကပ်(၁)ရံ(တန်ဘိုးငွေကျပ်၁၇သိန်းခန့်)အားချွတ်ပေးလိုက်ပြီး ၎င်းအမျိုးသားမှ ဧည့်ခန်းကုလားထိုင်တွင်တင်ထားသော အမျိုးသမီးလက်ကိုင်အိတ်အတွင်းမှ ငွေကျပ်(၁၀)သိန်းနီးပါးအားယူဆောင်၍ နေအိမ်မှပြန်လည်ထွက်သွားခဲ့သည်။

"ရဲတပ်ဖွဲ့အနေနဲ့ ဖြစ်စဉ်ဖြစ်ဖြစ်ချင်းမှာပဲ ကျုးလွန်တဲ့တရားခံကိုဖမ်းမိဖို့ ဆောင်ရွက်ခဲ့ပါတယ်။ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဇင်မြင့်၏ အနီးကပ်ကီးကြပ်မှုနဲ့အတူ တိုင်း/ခရိုင် မှုကူအဖွဲ့တွေနဲ့ပူးပေါင်းဆောင်ရွက်ခဲ့တာကြောင့် ၂၄နာရီအတွင်းဖမ်းမိနိုင်ခဲ့တာပါ။"ဟု အမှတ်(၁)နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြစ်မှုကျုးလွန်သူအား အမြန်ဆုံးဖမ်းဆီးရမိရေး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဇင်မြင့်၏ အနီးကပ်ကီးကြပ်မှုဖြင့် စခန်းမှူးရဲအုပ်မြတ်ကျော်နှင့်တပ်ဖွဲ့ဝင်များက ပြစ်မှုကျုးလွန်သူတရားခံအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးအတွက် အခင်းဖြစ်နေအိမ်၏ လမ်းတစ်ဖက်ခြမ်းရှိ ကျုရှင်ဝိုင်းတွင်တပ်ဆင်ထားသော CCTVမှတ်တမ်းမှတစ်ဆင့် တရားခံသွားလာလှုပ်ရှားမှုအား သိရှိခဲ့သည်။

ထို့နောက် တရားခံအလုပ်လုပ်ကိုင်၍ နေထိုင်သောရွှေကျီးမုန့်ကြွပ်စက်ရုံနေအိမ်လိုင်းခန်းကြီးကြပ်သူအား CCTVမှတ်တမ်းပြသ၍ မေးမြန်းရြာ ပစ်မှုကျုးလွန်သူတရားခံမှာ ၀င်းစိုး(ခ)တင်မောင်စိုး၊ အသက်(၃၃)နှစ်၊ (ဘ)ဦးကျော်စိန်၊ ရွှေကျီးမုန့်လုပ်ငန်း၊ မင်္ဂလာဥယျာဉ်ရပ်၊ ဒေါနဘွားရပ်ကွက်)နေသူဖြစ်ကြောင်း သိရသဖြင့် ပြစ်မှုကျုးလွန်သူနေထိုင်ရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ တောင်ရိုးကျေးရွာရှိ ၄င်း၏ဇနီးဖြစ်သူထံသို့ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစိတ်မှ ဒုရဲအုပ်ခိုင်ဝင်းမြင့် ဦးစီးအဖွဲ့၊ မန္တလေးခရိုင်မှုခင်းနှိမ်နှင်းရေးဌာနစိတ်မှ ဒုရဲအုပ်ဇော်မင်းညွန့်နှင့်အဖွဲ့၊ အမှတ်(၁)နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်မေးမြန်းစုံစမ်းခဲ့သည်။

ပြစ်မှုကျုးလွန်သူ အလုပ်လုပ်ကိုင်ရာ အကွက်(၄၄)၊ ဒေါနဘွားရပ်ကွက်ရှိ ဂျိုကာမုန့်ကြွပ်စက်ရုံတွင် အသင့်စောင့်ဆိုင်းခဲ့ရာ ည(၈)နာရီတွင် ပြစ်မှုကျုးလွန်သူတရားခံ ၀င်းစိုး(ခ)တင်မောင်စိုးအား ဖမ်းဆီးရမိခဲ့ပြီး ၎င်းထံမှ မြန်မာငွေစက္ကူ ၅၀၀၀တန်ရွက်ရေ(၇၀)၊ စိန်ဟုယူဆရသော နားကပ်(၁)ရံ၊ ကျောက်ဖြူတစ်လုံးပ် ဂေါ်လက်စွပ်တစ်ကွင်း၊ အနီရောင် တရုတ်စောင်(၁၄)ထည်တို့အားသိမ်းဆည်းရမိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ချွန်ထက်သောအရာဝတ္ထုအားပြ၍ ရွှေနားကပ်နှင့်ငွေတို့အား ယူဆောင်သွားသည့် အမည်မသိအမျိုးသား(၁)ဦးအား စုံစမ်းဖော်ထုတ်အရေးယူပေးပါရန် ဒေါ်ခင်သန်းမြင့်က အမှတ်(၁)နယ်မြေရဲစခန်းသို့ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ နယ်မြေရဲစခန်းမှ (ပ)၂၆၇/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၈၂ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ထားကြောင်း သိရသည်။

No comments:

Post a Comment