Sunday, May 19, 2019

ကျောင်းသုံးပစ္စည်း​များ ပြန်​လည်​လှူဒါန်းရန် ​ “ပိုဝယ်​ခဲ့ပါ” လှုပ်​ရှားမှု ပြုလုပ်

ကျောင်းဖွင့်ချိန်​အမီ မတတ်​နိုင်​တဲ့ က​လေးသူငယ်​​တွေ၊ ဘက​ကျောင်း​တွေကို ​ကျောင်းသုံးပစ္စည်း​တွေ ပြန်​လည်​လှူဒါန်းဖို့အတွက်​ ပိုဝယ်​ခဲ့ပါ ဆိုတဲ့ လှုပ်​ရှားမှုတခုကို ပရဟိတလူငယ်​​တွေက ရန်​ကုန်​မှာ ပြုလုပ်​​နေပါတယ်​။ လူစည်​ကားရာ စီးတီးမတ်​ အိုးရှင်း စတဲ့ ​ဈေးဝယ်​ကုန်​တိုက်​ကြီး​တွေမှာ ပိုဝယ်​ခဲ့ပါ အလှူခံပုံး​တွေကို ထား​ပေးထားပြီး ​ဈေးဝယ်​သူ​တွေက စာအုပ်​၊ ကွန်​ပါ​ဘူး စတဲ့ ​ကျောင်းသုံးပစ္စည်း​တွေကို ဝယ်​ယူတဲ့အခါ ပိုဝယ်​လာပြီး ပြန်​လည်​မျှ​ဝေပေးတဲ့ အစီအစဉ်​ဖြစ်​ပါတယ်​။



ဒါ​တွေကို လိုအပ်​​နေတဲ့ မိဘမဲ့က​လေး​တွေ၊ ဘုန်း​တော်​ကြီးသင်​​ကျောင်း​တွေ၊ အထူးသဖြင့် ဧရာဝတီတိုင်းဘက်​က ချို့တဲ့တဲ့ ဘက​ကျောင်း​တွေကို ​ကျောင်းဖွင့်ချိန်​အမီ ပြန်​လည်​လှူဒါန်းသွားမှာပါ။

ဒီလှုပ်​ရှားမှုကို Youth integrate society ​ပေါင်းစည်းလူငယ်​ပရဟိတကွန်​ရက်​နဲ့ လုပ်​အား​ပေးလူငယ်​​တွေက ရန်​ကုန်​မြို့ရှိ citymart ocean marketplace ​ဈေးဝယ်​စင်​တာ​တွေ တ၀ိုက်​မှာ ​မေလ ၁၆ က​နေ ဇွန်​ ၆ ရက်​​နေ့အထိ ပြုလုပ်​မှာ ဖြစ်ပါတယ်။

No comments:

Post a Comment