
ဦးလှမြင့် (ဝိုင်အမ်ဘီအေအသင်း) က “ဒီနှစ်ဆိုရင် ၀ိုင်အမ်ဘီအေအသင်းက ဦးဆောင်ပြီး ကျင်းပလာတာ နှစ် ၁၁၀ လည်းပြည့်ပါပြီ။ မြို့ပေါ်က ပရဟိတအဖွဲ့တွေ၊ အလှူရှင်တွေ၊ လူမှုရေးအသင်းတွေရဲ့ စုပေါင်းပြီး လှူဒါန်းမှုတွေကြောင့်သာ ခုလို စံချိန်တင် အများဆုံးလောင်လှူနိုင်ခဲ့တာပါ။ နောင်နှစ်တွေ ဒီထက်မက ပိုမိုပြီး လှူဒါန်နိုင်ဖို့ဆိုရင် အဝေးရောက်ညောင်လေးပင်သားတွေရဲ့ အားတွေလိုပါတယ်” လို့ ပြောပါတယ်။ ကဆုန်လပြည့်နေ့ မနက်ပိုင်မှာလည်း ဝိုင်အမ်ဘီအေအသင်းကဦးစီးပြီး မြို့ပေါ်ရှိ ဝတ်အဖွဲ့ ၁၃ ဖွဲ့က အင်အား ၄၀၀ ကျော်က ဘုရားကြီးဝန်းမှာရှိတဲ့ ဗောဓိညောင်ပင်မှာ ညောင်ရေသွန်းလောင်းခဲ့ကြသလို အလှူရှင်တွေ၊ ပရဟိတအဖွဲ့တွေက စတုတီတာတွေ ကျွေးမွေးလှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။
No comments:
Post a Comment