Sunday, May 19, 2019

ဗြိတိန်မှာ အရောင်းအသွက်ဆုံးဖြစ်နေတဲ့ အဒ်ရှီရန်နဲ့ ဂျပ်စတင်ဘီဘာရဲ့ သီချင်းသစ်

 အဒ်ရှီရန်နှင့် ဂျပ်စတင် ဘီဘာတို့ပူးပေါင်းဖန်တီးထား  သည့် I Don't Care သီချင်းသည်  ဗြိတိန်နိုင်ငံတွင် ၂၀၁၉ ၏အ ရောင်းအသွက်ဆုံးသီချင်းများစာရင်းဝင်ခဲ့သည်။ I Don't Care သီချင်းစုစု ပေါင်းရောင်းချရမှု ၁၂၃,၈၂၅ ရှိပြီးနံပါတ် (၁)နေရာသို့ ရောက် ရှိခဲ့သည်။ ယင်းသီချင်းသည် ဇန်န၀ါရီက အရီယာနာဂရန်ဒီ၏ 7 Rings သီချင်းမိတ်ဆက်စဉ်က ရောင်းအား ၁၂၆,၂၄၀ ဖြင့်နံပါတ်  (၁) နေရာချိတ်ခဲ့ပြီးနောက်ယခု နှစ်   နံပါတ် (၁) နေရာသို့ရောက် လာသော ဒုတိယမြောက်သီချင်း ဖြစ်သည်။
I Don't Care သီချင်းကို ထုတ်လွှင့်မှု အကြိမ် (၁၃) သန်းရှိ ပြီး ဗြိတိန်နိုင်ငံတွင် ယခုသီတင်း ပတ်အတွင်း download လုပ်ယူ မှု ၂၂,၀၀၀ ရှိသည်။ I Don't Care သီချင်းနံပါတ်  (၁)စာရင်းဝင်ခြင်းနှင့်အတူ အဒ်ရှီ ရန်၏ နံပါတ် (၁) စာရင်းဝင်သီ  ချင်း ခြောက်ပုဒ်ရှိလာပြီး ဂျပ် စတင်ဘီဘာ၏ သီချင်း ခုနစ်ပုဒ် ရှိလာသည်။ ကနေဒါအဆိုတော် ဂျပ်စတင်ဘီဘာသည်ယခုအခါ U2 အဖွဲ့၊ အဲလ်တွန်ဂျွန်နှင့်ကိုင် လီမီနိုဂူတို့၏ ထိပ်တန်းသီချင်း ခုနစ်ပုဒ်စံချိန်နှင့် တူညီပြီဖြစ် သည်။

No comments:

Post a Comment