Monday, May 27, 2019

လယ်ယာမြေလုပ်ကိုင်ခွင့်အတွက် ဘားအံက လယ်သမားတွေ ဆန္ဒထုတ်ဖော်

ဘားအံမြို့က တောင်သူလယ်သမား ၅၀ ခန့်က လယ်ယာမြေလုပ်ကိုင်ခွင့်ရရှိရေးအတွက် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ ဒီကနေ့မနက် ၉ နာရီက ကရင်ပြည်နယ် ဘားအံမြို့က တောင်သူလယ်သမား ၅၀ ခန့်ဟာ ဘားအံမြို့ရဲ့ အာဇာနည်ကျောက်တိုင်ကနေ ဗိုလ်ချုပ်လမ်းမကြီးအတိုင်း ဆောက်လုပ်ရေးဌာနရုံးအထိ လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။ ဆန္ဒဖော်ထုတ်တာနဲ့ပတ်သက်ပြီး ဦးဆောင်ဆန္ဒဖော်ထုတ်သူ ၈၈ ကရင်မျိုးဆက်ကျောင်းသားများရဲ့ လူမှုဖွံ့ဖြိုးရေးအသင်းက ဥက္ကဌဖြစ်သူ စောမောင်ကြီးနဲ့ တောင်သူလယ်သမားတစ်ဦးက အခုလိုပဲပြောပါတယ်။



တောင်သူလယ်သမားတွေဟာ ကိုယ့်လယ်ယာမြေကို ကိုယ်လုပ်ကိုင်ခွင့်ရရှိရေး၊ လယ်ယာမြေနဲ့ပတ်သက်ပြီး သမ္မတညွန်ကြားချက်အတိုင်းလိုက်ပါဆောင်ရွက်ပေးရေး၊ သိမ်းဆည်းထားတဲ့ လယ်ယာမြေပြန်လည်ရရှိရေး စတဲ့ တောင်းဆိုချက်တွေကို တောင်းဆိုပြီးဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

ဘားအံမြို့နယ် ရဲသာကျေးရွာအုပ်စု ကမော့ကစင်အနောက်ဘက် လယ်ဧက ၅၂ ဧကကျော်မှာ ၂၀၁၀ မတိုင်ခင်က ကရင်ပြည်နယ်အကျဉ်းဦးစီးဌာနက သိမ်းထားတယ်ဆိုပြီး တောင်သူလယ်သမားတွေက ဆန္ဒဖော်ထုတ်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

No comments:

Post a Comment