Monday, May 27, 2019

Google ဂယက် ရက်ပိုင်းသာရှိသေးသဖြင့် မြန်မာနိုင်ငံတွင်းဟွာဝေးရောင်းအားအခြေအနေ မပြောနိုင်သေးဟုဆို

 Google ကုမ္ပဏီ က Huawei ၏ Androidလည် ပတ်မောင်းနှင်မှုစနစ် အဆင့်မြှင့်တင် မှုအချို့ကို ကန့်သတ်ချက်ထုတ်ပြန် လိုက်သည်မှာ ရက်ပိုင်းသာရှိသေး သဖြင့် မြန်မာနိုင်ငံတွင်ရောင်းအား ကျ၊ မကျ မပြောနိုင်သေးကြောင်း Huawei Myanmar၏ CEO Mr. Zhang Liman က ပြောသည်။ မေ ၂၄ ရက် ရန်ကုန်ရှိ Pan Pacific Yangon တွင် Huawei နှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအ သင်းချုပ်တို့ ပူးပေါင်းကျင်းပသည့် Myanmar Indoor Coverage Digitalization Summit ပွဲခေတ္တ နားချိန်၌ Huawei Myanmar၏ CEO Mr. Zhang Liman က မီဒီ ယာများ၏ မေးမြန်းမှုကို အထက် ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။



အမေရိကန်က Huawei အ ပေါ် စွပ်စွဲမှုများနှင့် အရေးယူမှုများ ကို ယမန်နှစ်ကစ၍ စဉ်ဆက်မပြတ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သော်လည်း ယမန်နှစ် ဧပြီနှင့် ယခုနှစ် ဧပြီကို နှိုင်းယှဉ်လျှင် တစ်ကမ္ဘာလုံးတွင် Huawei ၏ ရောင်းအားမှာ ၂၅ရာခိုင် နှုန်းတက်ခဲ့ကြောင်း၊ ထို့ကြောင့် ယခု ရင်ဆိုင်နေရသော ပြဿနာကြောင့် Huawei အနေဖြင့် ရောင်းအားကျ မည်ကိုမစိုးရိမ်ကြောင်း CEO Mr. Zhang Liman က ပြောသည်။

""မြန်မာပြည်ဈေးကွက်ရဲ့ ရောင်းအားကို ကျွန်တော်တို့ ပြော လို့မရသေးပါဘူး။ နှစ်စဉ်ထွက်တဲ့ Report ရမှပဲ သိရပါမယ်""ဟု ၄င်း က ဆက်ပြောသည်။

Huawei ၏ Android လည် ပတ်မောင်းနှင်မှုစနစ် အဆင့်မြှင့် တင်မှုအချို့ကို Google ကုမ္ပဏီက ကန့်သတ်ချက် ထုတ်ပြန်ပြီးနောက် ရန်ကုန်ရှိ ဟန်းဆက်ဆိုင်အချို့၌ Huawei စမတ်ဖုန်း ရောင်းအား ကျပြီး အချို့ဆိုင်များမှာမူ ပုံမှန်အ ရောင်း ရှိနေသေးကြောင်း ဟန်းဆက် အရောင်းဈေးကွက်မှ သိရသည်။

အနာဂတ်တွင် ထွက်ရှိလာမည့် Huawei ပစ္စည်းများတွင် YouTube နှင့် Map ကဲ့သို့သော အပလီကေး ရှင်းများ အသုံးပြုနိုင်တော့မည် မ ဟုတ်ဆိုသည့် သတင်းများကြောင့် ရန်ကုန်ရှိ ဟန်းဆက်ဝယ်ယူသူများ အနေဖြင့် Huawei အစား Mi နှင့် Samsung ဟန်းဆက်တို့ကို ပိုဝယ် လာကြကြောင်း Infiniti မိုဘိုင်းဖုန်း အရောင်းပိုင်ရှင် ဒေါ်ဝါဝါလင်းက ပြောသည်။

""ဒီရက်ပိုင်းအတွင်းမှာံHuawei က ရောင်းအားနည်းနည်းကျ တယ်။ Playstore တွေ ဘာတွေ မရတော့ဘူးဆိုတော့ ဝယ်သူတွေ သိပ်မဝယ်ဘူး။ Huawei အစား Mi နှင့် Samsung တို့ကို ပိုရောင်း ရတယ်""ဟု ၄င်းကပြောသည်။

လက်ရှိတွင် Huawei သည် Google ကုမ္ပဏီနှင့် အသေးစိတ် ညှိနှိုင်းနေဆဲဖြစ်ပြီး Google နှင့် ညှိနှိုင်းမှု အဆင်မပြေခဲ့ပါကံHuawei နှင့် ပူးပေါင်းလိုသော နည်း ပညာကုမ္ပဏီများနှင့် ပူးပေါင်းသွား မည်ဖြစ်ကြောင်း သိရသည်။

ံကတေနင စက်ရုံမှ ဈေးကွက် သို့ ရောက်ရှိထားပြီးသော ဟန်း ဆက်များအားလုံ့း စါမေိန လုပ် ရမည်ဖြစ်သဖြင့် ပုံမှန်အတိုင်း အ သုံးပြုနိုင်မည်ဟု သိရသည်။""Google နဲ့ Huawei ပြဿ နာမှာ ထုတ်လုပ်ပြီးသား အလုံးတွေ အပေါ်မှာ သက်ရောက်မှုမရှိဘူး။ နောက်ထပ် စက်ရုံက အသစ်ထုတ် မယ့် အလုံးတွေအတွက်ကိုတော့ ခုချိန်မှာ ဘာမှမပြောနိုင်သေးပါဘူး""ဟု CEO Mr. Zhang Liman က ပြောသည်။

Google ကုမ္ပဏီသည် Androidလည်ပတ်မောင်းနှင်မှုစနစ် အဆင့်မြှင့်တင်မှု အချို့ကို စမတ် ဖုန်းထုတ်လုပ်သူ Huawei အား မပေးတော့ဘဲ ကန့်သတ်လိုက်ကြောင်း မေ ၁၉ ရက်တွင် Google ကုမ္ပ ဏီက ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
Huawei သည် လိုင်စင်မှတ် ပုံတင်မှတစ်ဆင့် Android လည် ပတ်မောင်းနှင်မှုစနစ်ကို ဆက်လက် အသုံးပြုနိုင်သေးကြောင်း သိရသည်။ မေ ၁၅ ရက်က အမေရိကန်အစိုး ရက အစိုးရ၏ခွင့်ပြုချက်မရှိဘဲ အ မေရိကန်ကုမ္ပဏီများထံမှ နည်းပ ညာရယူခွင့်ရှိသော ကုမ္မဏီများကို တားဆီးပိတ်ပင်သည့် စာရင်းတွင် Huawei အား ထည့်သွင်းခဲ့သည်။

KMD Computer & Mobile အရောင်းဆိုင်မှRetail Manager ဦးကျော်လင်းထွန်းက""လက်ရှိ ကျွန်တော်တို့ဆိုင်မှာတော့ Huawei က ပုံမှန်အရောင်းရှိတယ်။ ပြောင်း လဲမှု မရှိသေးဘူး။ Huawei အပြင် အခြား Model တွေလည်း ရောင်း ရပါတယ်""ဟု ပြောသည်။

No comments:

Post a Comment