Monday, May 27, 2019

ပီရူးတွင် ပြင်းအား ၈ ရှိ ငလျင်လှုပ်၊ ၁ ဦးသေဆုံး ၁၁ ဦးဒဏ်ရာရ

ပီရူးနိုင်ငံ မြောက်ပိုင်းမှာ ပြင်းအား ရစ်ခ်ျတာစကေး ၈ အထိရှိတဲ့ ငလျင်ကြီးတခု မေလ ၂၆ ရက် မနက်ပိုင်းက လှုပ်ခတ်ခဲ့တယ်လို့ အမေရိကန် ဘူမိဗေဒလေ့လာရေးဌာနက ထုတ်ပြန်ပါတယ်။ ငလျင်ဒဏ်ကြောင့် လူ ၁ ဦးသေဆုံးပြီး အနည်းဆုံး ၁၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ပီရူးနိုင်ငံ အရေးပေါ်စီမံခန့်ခွဲရေးစင်တာက ပြောကြားခဲ့ပြီး အိမ်နီးနားချင်း အီကွေဒေါနိုင်ငံမှာလည်း လူ ၇ ဦးလောက် ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။ ငလျင်ဗဟိုပြုလှုပ်ခတ်ရာ အနက်က အသင့်အတင့် တိမ်တဲ့အတွက် ငလျင်ဒဏ်ကို တနိုင်ငံလုံးနဲ့ မိုင်ရာချီဝေးတဲ့ မြို့တော် လီမာကနေ ခံစားခဲ့ရတယ်လို့ ဒေသန္တရ အာဏာပိုင်တွေက ပြောပါတယ်။ ထိခိုက်သေဆုံးမှုနဲ့ ပျက်စီးမှု အစီရင်ခံစာတွေတော့ မထွက်သေးပါဘူး။ အနက်တိမ်တဲ့အတွက် မျက်နှာပြင်အပျက်အစီး နည်းမယ်လို့ ခန့်မှန်းနေကြပါတယ်။ ပီရူးဟာ ကမ္ဘာ့ကျောက်လွှာချပ်ကြီးတွေ ထိစပ်နေလို့ ငလျင်လှုပ်မှု အများစုဖြစ်ရာ ပစိဖိတ် မီးကွင်းကြီးပေါ်မှာ ရှိနေတဲ့အတွက် ငလျင်နဲ့ မီးတောင်လှုပ်ရှားမှု များပါတယ်။

No comments:

Post a Comment