Monday, May 27, 2019

နေရပ်စွန့်ခွာများအရေး မြန်မာအစိုးရကို ကူညီမည်ဟု ကုလဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ကတိပြု

 နေရပ်စွန့်ခွာသူများနှင့် နိုင်ငံမဲ့သူများအတွက် အဖြေရှာ ဖွေရာတွင် ခိုင်မာသည့် ထိတွေ့မှု၊ အသင့်ရှိမှုများဖြင့် မြန်မာအစိုးရကို ကူညီမည်ဟု ကုလသမဂ္ဂဒုက္ခ သည်များဆိုင်ရာ မဟာမင်းကြီး မစ္စတာဖိလစ်ပိုဂရန်ဒီက ကတိပြု ပြောကြားသည်။ ကုလဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး၏ ငါးရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အပြီး မေလ ၂၄ ရက်တွင် UNHCR က သတင်းထုတ်ပြန်ရာ ယင်းသို့ ထည့်သွင်း ဖော်ပြသည်။


ခရီးစဉ်အတွင်း မဟာမင်း ကြီး ဂရန်ဒီသည် မြန်မာအစိုးရ၊ ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်း များဖြစ်သည့် UNHCR, UNDP တို့အကြား သုံးပွင့်ဆိုင်စာချုပ်ကို တစ်နှစ်သက်တမ်းတိုးရန် ကျေနပ်မှုရှိသည့် အရိပ်အယောင်ပြပြီး အခြေအနေ တိုးတက်ကောင်းမွန် စေရန် မြန်မာအစိုးရ၏ ကတိ ကဝတ်ပြုမှုကို ချီးကျူးခဲ့သည်။

ထို့အပြင် နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် အပါအဝင် အစိုးရထိပ် ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံ မှုတွင် အပြုသဘောဆောင်ပြီး ထိရောက်မှုရှိကြောင်းနှင့် ဘင်္ဂ လားဒေ့ရှ်ရှိ ဒုက္ခသည်များ လုံခြုံစွာနေရပ်ပြန်ရေး အကောင်အထည် ဖော်ရန် မစ္စတာဂရန်ဒီက တိုက် တွန်းကြောင်း UNHCR ထုတ်ပြန် ချက်၌ ဖော်ပြသည်။

‘‘ဂရန်ဒီဟာ ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်များ၊ ရခိုင်နဲ့ ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာ) အသိုင်း အဝိုင်းတွေဆီကနေ သူကြားခဲ့ရ တဲ့ အရေးကြီးတဲ့အချက်တွေကို (အစိုးရခေါင်းဆောင်တွေထံ) သတင်းစကားပါးခဲ့ပါတယ်’’ဟု UNHCR က ထုတ်ပြန်သည်။

ယင်းနောက် အထက်ပါ မဟာမင်းကြီးသည် နိုင်ငံတစ်ဝန်း UNHCR ၏ ကျယ်ပြန့်သော လှုပ် ရှားမှုများကို လွှမ်းခြုံနိုင်ရေးနှင့် ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနနှင့် နားလည် မှုစာချွန်လွှာတစ်ရပ်ကို သီးခြား လက်မှတ်ရေးထိုးခဲ့သည်။

မဟာမင်းကြီး၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ စစ်တွေ၊ မောင် တော၊ ဘူးသီးတောင်မြို့နယ်သို့ သွားရောက်ကာ ဒုက္ခသည်များနှင့် တွေ့ဆုံခဲ့သည်။ အထက်ပါ ခရီးစဉ်သည် မဟာမင်းကြီး ဂရန်ဒီ၏ ဒုတိယမြောက်ဖြစ်ပြီး ၂၀၁၇ ဇူလိုင်တွင်မြန်မာနိုင်ငံသို့လာရောက်ခဲ့သည်။

No comments:

Post a Comment