Monday, May 27, 2019

မုံရွာမြို့၊ ​မော်​​တော်​ယာဉ်​တစ်​စီးအား လုယက်​ခဲ့သည့်​ တရားခံ များအား ဖမ်းဆီးရမိ

၁၅.၅.၂ဝ၁၉ ရက်နေ့ ဝ၁ဝဝ အချိန် မုံရွာမြို့၊ အေးသာယာ ရပ်ကွက်နေ ဦးရွှေတိုးသည် ဇနီးဖြစ်သူ ဒေါ်သိမ့်သိမ့်ဝင်း၊ (၄၇)နှစ်၊ (ဘ)ဦးလှတုတ်(လိပ်စာတူ)နှင့်အတူ ၎င်းပိုင်ယာဉ်အမှတ် 6N/6383 MITSUBISHI MIRAGE အမျိုးအစား အနီရောင်ယာဉ်ဖြင့် မုံရွာမြို့၊ ပြည်ထောင်စုလမ်းအတိုင်း တောင်မှ မြောက်သို့ မောင်းနှင်လာစဉ် အိုးဘိုတောင်ရပ်ကွက်၊ အောင်မင်္ဂလာအဝိုင်းအနီးသို့ အရောက် အမည်မသိ အမျိုးသား လူငယ်(၁)ဦးမှ ကားအား တား၍ ရပ်တန့်ပေး ခဲ့ရာ အဆိုပါလူငယ်မှ ကားတံခါးအား လာဖွင့်စဉ် လမ်းဘေး၌ ပုန်းနေသော အမည်မသိအမျိုးသား လူငယ်(၄)ဦး ထပ်မံရောက်ရှိလာပြီး ကားအား ဝိုင်း၍(၁)ဦးမှ ဦးရွှေတိုးအား ဓါးဖြင့်ထောက်ကာ ကျန်(၄)ဦးမှ ကားအတွင်းသို့ဝင်ရောက် ရှာဖွေခဲ့ပြီး
ကားအတွင်းမှ ဦးရွှေတိုး၏ 092132917 နံပါတ်ပါ HTC အမျိုးအစားအနီရောင်လက်ကိုင်ဖုန်း(၁)လုံး၊ ကာလတန်ဘိုး (၁၂ဝဝဝဝဝိ/-ကျပ်)ခန့်နှင့် ငွေကျပ်(၅ဝဝဝဝိ/-ကျပ်)ခန့်ပါ အနက်ရောင် ပိုက်ဆံအိတ် (၁)လုံးတို့အား လည်းကောင်း ၊ ဇနီးဖြစ်သူ ဒေါ်သိမ့်သိမ့်ဝင်းထံမှ စိန်နားကပ် (၁)ရံ၊ ကာလ တန်ဘိုး(၂ဝဝဝဝဝဝိ/-ကျပ်)ခန့်နှင့် ငွေကျပ်(၃ဝဝဝဝိ/-ကျပ်)ခန့် ထည့်ထားသော ပိုက်ဆံအိတ်၊ စုစုပေါင်းတန်ဘိုး (၃၂၈ဝဝဝဝိ/-ကျပ်)ခန့် ယူဆောင်ကာ ဦးရွှေတိုးအား နာကျင် ဒဏ်ရာရရှိအောင် ဝိုင်းဝန်းထိုးကြိတ်၍ ကားအားလည်း ထုနှက်ဖျက်ဆီးသွားခဲ့သဖြင့် ၎င်းအမည်မသိ လူငယ်(၅)ဦးအား ဥပဒေအရ စုံစမ်းဖော်ထုတ်အရေးယူပေးရန် ဦးရွှေတိုးမှ ၁၇-၅-၂၀၁၉ ရက်နေ့ ၁၄၃၀ အချိန် တရားလိုပြုလုပ် တိုင်တန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မုံရွာမြို့မရဲစခန်း (ပ) ၁ဝ၄၄/၂ဝ၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၉၅ အမှုကြီးအမှတ်စဉ် ၆/၂ဝ၁၉ ဖြင့် ရေးဖွင့်ဆောင်ရွက်၍ အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေးဆောင်ရွက်ခဲ့ရာ မုံရွာမြို့မရဲစခန်း(ပ)၁ဝ၈၉/၂ဝ၁၉၊ ရာဇသတ်ကြီး ပုဒ်မ-၃၈၆ အမှုမှ တရားခံ ရွှေမြင့်နောင်၊ (ဘ) ဦးတင်မောင်ဆွေ၊ အောင်ချမ်းသာ ရပ်ကွက်၊ မုံရွာမြို့နှင့် ရဲနိုင်ဦး (ဘ) ဦးစိုးနိုင်၊ ကွေ့ကြီးရပ်ကွက်၊ မုံရွာမြို့ နေသူတို့(၂)ဦးအား အမှုဖြင့် စစ်ဆေးနေစဉ် ၎င်းတို့(၂)ဦး၏ ထုတ်ဖော်ပြောဆိုချက်အရ အိုးဘိုတောင်ရပ်ကွက်၊ အောင်မင်္ဂလာ အဝိုင်းအနီးတွင် ကားအား ရပ်ခိုင်းကာ လူတစ်ဦးအား ဓါးဖြင့် ထောက်ပြီး ကားအတွင်းမှ ဖုန်း(၁)လုံး ငွေ (၅ဝဝဝဝ)ကျပ်ခန့်ပါ အနက်ရောင် ပိုက်ဆံအိတ် (၁)လုံး၊ အမျိုးသမီးတစ်ဦးထံမှငွေ (၃ဝဝဝဝ)ကျပ်ခန့်ပါ ပိုက်ဆံအိတ် (၁)လုံး၊ စိန်နားကပ် (၁)ရံတို့အား ၎င်းတို့နှစ်ဦးနှင့်အတူ ကြက်တော (ခ) တင်ဇော်ဟိန်း၊ မိုးကြိုး၊ နိုင်မိုး (ခ)သန်းနိုင်ဦး (ခ) နွားကြီး၊ ခိုင်ဇော်ဦး (ခ) သားသား၊ ဆန်းမင်းထက် တို့နှင့်အတူ (၇)ဦး ကျူးလွန်ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သဖြင့် အမှုမှကျန်ရှိ တရားခံ(၅)ဦးအား ဖမ်းဆီးရမိရေး အတွက် လိုက်လံစုံစမ်းရှာဖွေခဲ့ရာ ၂၆-၅-၂ဝ၁၉ ရက်နေ့တွင် တရားခံ မိုးကြိုး(ဘ)ဦးကျော်ဦး၊ ကွေ့ကြီးရပ်ကွက်၊ မုံရွာမြို့နေသူအား နယ်မြေ (၈)၊ သစ္စာလမ်း၊ နန္ဒဝန်ရပ်ကွက် လမ်းမပေါ်၌ စတီးရိုးတပ် အရိုးအသွား (၁၃)လက်မ ခန့်ရှိ ဓားဦးချွန်(၁) ချောင်း၊သစ်သားရိုးတပ် အရိုးအသွား ၁၂လက်မခွဲခန့်ရှိ ဓားဦးချွန်သံ ဓား(၁)ချောင်း၊ ဖိုက်ဘာရိုးတပ် အရိုးအသွား(၁၁) လက်မခန့်ရှိ မီးဖိုချောင်သုံးဟင်းလှီး ဓားဦးချွန်(၁) ချောင်း၊ ဦးရွှေတိုး၏ နိုင်ငံသားစိစစ်ရေးကတ် (၁)ခုတို့အား မိုးကြိုး၏ ဆိုင်ကယ် ၁၉ယ/ ၃၁၂၁ဝ CZI နက်/နီဆိုင်ကယ်တူးဘောက် အတွင်းမှ လည်းကောင်း၊ တရားခံ ကြက်တော(ခ) တင်ဇော်ဟိန်း (ဘ) ဦးကျော်ဦး၊ ကွေ့ကြီးရပ်ကွက်၊ မုံရွာမြို့နေသူအား နယ်မြေ(၄)၊ မနော သုခလမ်း၊ ချမ်းမြဝတီရပ်ကွက် လမ်းမပေါ်၌ လည်းကောင်း၊ တရားခံ နိုင်မိုး(ခ) သန်းနိုင်ဦး (ခ) နွားကြီး၊ (ဘ)ဦးလွှမ်းမိုး၊ နယ်မြေ(၁၁)၊ တာဝါတိုင်လမ်း၊ ကွေ့ကြီးရပ်ကွက်၊ မုံရွာမြို့နေ သူအား ၄င်း၏နေအိမ်၌ လည်းကောင်း၊ တရားခံ ဆန်းမင်းထက်၊ နယ်မြေ(၁)၊ လှည်းဆိပ်အနီး၊ သလ္လာဝတီရပ်ကွက်၊ မုံရွာမြို့နေ သူအား ၄င်း၏ နေအိမ်၌ လည်းကောင်း ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ကျန်ရှိတရားခံ ခိုင်ဇော်ဦး(ခ)သားသား အား ဖမ်းဆီးရမိနိုင်ရေး ဆက်လက်စုံစမ်း စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

No comments:

Post a Comment