Monday, May 27, 2019

အခြေခံပညာ စာသင်ကျောင်းများ၌ တပ်မတော်သားများ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများပြုလုပ်

Image may contain: one or more people, people sitting, plant, tree and outdoorကျောင်းသား၊ ကျောင်းသူများ ကျောင်းဖွင့်ချိန်တွင် စိတ်အေးချမ်းသာစွာ ပညာသင်ကြား နိုင်စေရန်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်း သာယာလှပစေရေးတို့အတွက် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များအလိုက် အခြေခံပညာကျောင်းများ၌ သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ ဆောင်ရွက်ပေးရာ၌ ယနေ့တွင် နေပြည်တော်တိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက ဇေယျာသီရိမြို့နယ်၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ လည်းကောင်း၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက မြစ်ကြီးနားမြို့၊ မော်ဖောင်ကျေးရွာ၊ အမှတ်(၂) အခြေခံ ပညာအလယ်တန်း ကျောင်းခွဲ၊ ရေကြည်ရွာ၊ အမှတ်(၂) အခြေခံပညာ မူလတန်းကျောင်း၊
မပ္ပတီးရပ်ကွက်၊ အခြေခံပညာ မူလတန်းကျောင်း၊ ရွှေအိုက်ရပ်ကွက်၊ အမှတ်(၃)အခြေခံပညာ မူလတန်းကျောင်း၊ မိုးမောက်မြို့နယ်၊ နွယ်လန်ကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်း၊ နမ္မတီးမြို့၊ သူဌေးကုန်းကျေးရွာ၊ အခြေခံပညာ မူလတန်းကျောင်း၊ မိုးညှင်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ မချမ်းဘော့မြို့နယ်၊ အခြေခံပညာ အထက်တန်း ကျောင်း၊ တနိုင်းမြို့၊ အခြေခံပညာမူလတန်း လွန်ကျောင်း၊ မိုးမိတ်မြို့နယ်၊ ညောင်ပင်စောက်၊ အခြေခံပညာ အထက်တန်းကျောင်း၊ ဗန်းမော်မြို့နယ်၊ ဖိုးဒေဝကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်းခွဲ၊ ရွှေပြည်သာကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်းတို့၌ လည်းကောင်း၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော် သားများက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ လဲမားကျေးရွာ၊ အခြေခံပညာ မူလတန်းကျောင်းခွဲ၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်းတို့၌ လည်းကောင်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့၊ အခြေခံပညာမူလတန်းကျောင်း၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အေးသုခကျေးရွာ အခြေခံပညာမူလတန်းကျောင်း၊ ဘားအံမြို့နယ်၊ အိန္ဒုကျေးရွာ၊ အခြေခံပညာ မူလတန်းကျောင်း (ရွှေပြည်ထောင်) တို့၌လည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက ပုလောမြို့နယ်၊ ပလောက်မြို့ရှိ အခြေခံပညာမူလတန်း လွန်ကျောင်း(ပလောက်)၊ မြိတ်မြို့နယ်၊ အလယ်ချောင်းကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ)နှင့် အခြေခံပညာ အထက်တန်း ကျောင်း(ကျွဲကူး)တို့၌လည်းကောင်း၊ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ်(၁) စိုက်ပျိုးမွေးမြူရေး ရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဦးစံဖေရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာ အလယ်တန်းကျောင်း တို့၌လည်းကောင်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက ပုသိမ်မြို့၊ ရွှေမြင်တင်ကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်းနှင့် မော်လမြိုင်ကျွန်းမြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတို့၌ လည်းကောင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက ဘူးသီးတောင်မြို့နယ်၊ လက်ဝဲဒက်ပုဇွန် ချောင်းကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း၊ စစ်တောကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း တို့၌လည်းကောင်း၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက နန်းမြို့တွင်းရှိ အမှတ်(၁၈)အခြေခံပညာ အထက်တန်းကျောင်းနှင့် မကွေးမြို့ရှိ အမှတ်(၃) အခြေခံပညာ အလယ်တန်းကျောင်းတို့၌ လည်းကောင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက ကေတုမတီမြို့၊ အခြေခံပညာ အထက်တန်းကျောင်း၊ အိုင်စောက်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၊ မြို့လှမြို့၊အခြေခံပညာအထက်တန်းကျောင်း၊ ရွှေကျင် မြို့နယ်၊ တောင်ဘက်ကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၊ ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ အင်းမမြို့၊ အခြေခံပညာ အထက်တန်းကျောင်းတို့၌ လည်းကောင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်း များ အသီးသီး ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် တိုင်းစစ်ဌာနချုပ် အသီးသီးမှ နယ်မြေခံတပ်မတော်သားများနှင့် မိသားစုဝင်များက ကျောင်းဝင်းများ အတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းနှင့် စာသင်ခုံများ ပြုပြင်ပေးခြင်း၊ စာသင်ခုံများ နေရာချထားပေးခြင်းနှင့် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်းများ တူးဖော်ပေးခြင်း တို့ကို စုပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment