Monday, May 27, 2019

ပြည်ခိုင်ဖြိုးအမတ်ကို ဒီချုပ်ကိုယ်စားလှယ်လောင်း ကန့်ကွက်မှု မေလ ၃၀ ရက် အမိန့်ချမည်

၂၀၁၈ ကြားဖြတ်ရွေး ကောက်ပွဲတွင် အနိုင်ရရှိသည့် ပြည်ခိုင်ဖြိုးပါတီဝင် ဆိပ်ကမ်းမြို့ နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ကို ဒီချုပ်ကိုယ်စား လှယ်လောင်းက ကန့်ကွက်မှု မေလ ၃၀ ရက်တွင် ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်က အမိန့်ချမှတ်မည် ဖြစ်သည်။ အဆိုပါ ကန့်ကွက်မှုနှင့်ပတ် သက်၍ မေလ ၂၄ ရက်တွင် ကန့် ကွက်လွှာတင်သွင်းသူနှင့် တင်သွင်းခံရသူ နှစ်ဖက် အပြီးလျှောက် လဲချက်များ တင်ပြပြီးဖြစ်ရာ လာမည့်ရုံးချိန်း၌ အမိန့်ချမှတ်မည်ဖြစ် ကြောင်း ကော်မရှင်ပြောရေး ဆို ခွင့်ရှိသူ ဦးမြင့်နိုင်ကပြောသည်။

ယမန်နှစ် နိုဝင်ဘာ ၁ ရက် က ကျင်းပခဲ့သည့် ကြားဖြတ်ရွေး ကောက်ပွဲတွင် ဆိပ်ကမ်းမြို့နယ် အမှတ်(၂)တိုင်းဒေသကြီး လွှတ် တော်မဲဆန္ဒနယ်၌ ပြည်ခိုင်ဖြိုး အမတ်လောင်း ဦးနေမျိုးအောင် က အဓိကပြိုင်ဘက် ဒီချုပ်အမတ် လောင်း ဦးသန်းထိုက်အောင်ကို ၁၅၉ မဲအသာဖြင့်အနိုင်ရရှိသည်။

သို့သော် ဦးနေမျိုးအောင် သည် ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှုများ ကျူးလွန်ခဲ့သည်ဆိုကာ ဒီချုပ်အမတ်လောင်း ဦးသန်းထိုက်အောင်က ကန့်ကွက်လွှာတင်သွင်းပြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဦးမြင့်နိုင် ဦး ဆောင်သော ခုံရုံးအဖွဲ့က စစ်ဆေးနေသည်။

‘‘ဥပဒေနဲ့မညီတဲ့ ကိစ္စရပ် တွေရှိတဲ့ဟာကို ကျွန်တော်တို့ရဲ့ အခွင့်အရေးအတိုင်း တင်ပြထား တာပေါ့။ ဆုံးဖြတ်ရမှာကတော့ ရွေးကောက်ပွဲကော်မရှင် ခုံရုံးက ပဲ ဥပဒေနဲ့အညီ ဆုံးဖြတ်ရမှာပါ။ ဒါကြောင့် ခုံရုံးရဲ့ဆုံးဖြတ်မှုကို ခံယူရမှာပေါ့’’ဟု ကန့်ကွက်လွှာ တင်သွင်းသူ ဦးသန်းထိုက်အောင် က ပြောသည်။

လက်ရှိတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကတိသစ္စာခံယူကာ လွှတ်တော် အစည်းအဝေးများ တက်ရောက် နေသည့် ကန့်ကွက်ခံရသူ ဦးနေ မျိုးအောင်ကို မေလ ၂၅ ရက်က  ဆက်သွယ်သော်လည်း ဖုန်းပြန်လည်ဖြေကြားခြင်း မရှိပေ။

၂၀၁၈ ကြားဖြတ်ရွေး ကောက်ပွဲနှင့် ပတ်သက်၍ ကန့် ကွက်လွှာတင်သွင်းသည့် အမှုနှစ် မှုသာရှိပြီး အခြားတစ်မှုသည် မန္တ လေးတိုင်းလွှတ်တော် ရှမ်းတိုင်း ရင်းသားရေးရာ လွှတ်တော်ကိုယ် စားလှယ်အဖြစ် အနိုင်ရသည့် ဒီ ချုပ်ပါတီဝင် ဦးစိုင်းပန်းဆိုင်ကို ပြိုင်ဘက် SNLD အမတ်လောင်း ဒေါ်နန်းထွေးမှုံက ကန့်ကွက်ခြင်း ဖြစ်သည်။

ယင်းကန့်ကွက်လွှာအမှုကို လည်း အပြီးသတ် အမိန့်ချရန် နီးစပ်နေပြီး လာမည့်တစ်ပတ်ရုံးချိန်း တွင် နှစ်ဖက်အပြီးသတ် လျှောက် လဲချက်ပေးရန် စီစဉ်ထားသည်။ အဆိုပါ ကြားဖြတ်ရွေး ကောက်ပွဲ ကန့်ကွက်လွှာအမှုနှစ် မှုကို ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ခုံအဖွဲ့နှစ်ဖွဲ့ဖြင့် ယခုနှစ် ဇန်န၀ါရီ ၁၀ ရက်တွင် သီးခြားစီစတင်စစ်ဆေးပြီး လက်ရှိအချိန်အထိ ရုံးချိန်း ၁၅ ကြိမ်စီ စစ်ဆေးထားသည်။

No comments:

Post a Comment