Monday, May 27, 2019

ရခိုင်ပြည်နယ်ဘက်မှ တရားမဝင်ဝင်ရောက်လာသူ (၁၀)ဦးနှင့် ပို့ဆောင်ပေးသူ ၁ ဦးအား မင်းလှတွင် ဖမ်းဆီးရမိ

Image may contain: 2 people, people sitting and indoorမကွေးတိုင်းဒေသကြီး မင်းလှမြို့နယ် သခွတ်ရင်းကျေးရွာမြောက်ဘက်(၂)မိုင်ခန့်အကွာ တောထဲတွင် တရားမဝင်ဝင်ရောက်လာသူ(၁၀)ဦးနှင့်ပို့ဆောင်သယ်ဆောင်လာသူတဦးအား ဖမ်းဆီးရမိကြောင်း ရေနံမမရဲစခန်းမှ သိရှိရသည်။ြ ဖစ်စဉ်မှာ မေ(၂၆) ည(၇)နာရီအချိန် ရေနံမနယ်မြေစခန်းအပိုင် သခွတ်ရင်းကျေးရွာမြောက်ဘက်(၂)မိုင်ခန့်အကွာ တောထဲတွင်မသင်္ကာလူစိမ်းများတွေ့ရှိကြောင်း သတင်းအရ သရက်ခရိုင်ရဲမှု/နှိမ်မှရဲအုပ်စည်သူဝင်း(၃)ဦး၊ ဒုရဲအုပ်သက်နိုင်ဦးနှင့်(၁၁)ဦးတို့က သွားရောက်ခဲ့ပြီး ည(၉)နာရီအချိန်တွင် စစ်ဆေးရှာဖွေရာ လမ်းပြလိုက်ပါပို့ဆောင်သူ မင်းလှမြို့နယ် မီးလောင်ကုန်းကျေးရွာအုပ်စု ရဖုံကျေးရွာနေသူ ချင်း/ဗုဒ္ဓ ထွန်းနိုင်နှင့် တရားမဝင် ၀င်ရောက်လာသူ ကျား(၉)ဦးနှင့်မ(၁)ဦး စုစုပေါင်း(၁၀)ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။


ဖမ်းဆီးရမိသူများမှာ (၁) မာမွတ်လော်ဟန်း(ခ)လှမောင်၊ ရှမ်းတောင်ကျေးရွာ မြောက်ဦးမြို့နယ်၊ (၂) မူဟာမွတ်ရာဟာပ် ပိုင်သေကျေးရွာအုပ်စု ကျောက်တော်မြို့နယ်၊ (၃) ရော်ဟင်း(ခ)ရွှေမောင်၊ (၄) မကော်တီဇာ အထက်ပိုင်သေကျေးရွာ ပိုင်သေကျေးရွာအုပ်စု ကျော်တော်မြို့နယ်၊ (၅) ရှော်ဘီဟူလား အင်ဘာရီရပ်ကွက် စစ်တွေမြို့၊ (၆) ရုနာဟာလီ(ခ)မောင်ဖြူ၊ (၇) ရော်ဘင်ဟူကော်ရီ(ခ)မောင်ကျော်သန်း၊ (၈) ရော်ဘင်ဟူရော်ရင်(ခ)မောင်ကျော်အေး၊ (၉) ခါလားရာ(ခ)မောင်ကျော်နိုင် ပါးရိန်ကျေးရွာပါးရိန်ကျေးရွာအုပ်စု မြောက်ဦးမြို့နယ်၊ (၁၀) အာဆက်ဘွတ်တီ(ခ)မောင်ဖြူ ရှမ်းတောင်ကျေးရွာ ရှမ်းတောင်ကျေးရွာအုပ်စု မြောက်ဦးမြို့နယ်၊
တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ တရားမဝင်ဝင်ရောက်လာသူ (၁၀)ဦးအား မြို့နယ်လဝကနှင့်ပူးပေါင်း၍ မှတ်ပုံတင်အက်ဥပဒေဖြင့်အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး အခကြေးငွေယူဆောင်၍လမ်းပြလိုက်ပါပို့ဆောင်သူထွန်းနိုင်အား ရာဇသတ်ကြီးပုဒ်မ ၃၆၇ ဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရေနံမရဲစခန်းမှ သိရှိရသည်။

No comments:

Post a Comment