Monday, May 27, 2019

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း တိုက်ရိုက်ထုတ်လွှင့်စဉ် ရိုင်းစိုင်းသည့် စကားသံအချို့ပါဝင်ခြင်းကြောင့် အစီအစဉ်တင်ဆက်သူတောင်းပန် ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာလိဂ်က မြဝတီသို့ အကြောင်းကြားထား

ဗိုလ်ချုပ်အောင်ဆန်း ဒိုင်း အကြိုဗိုလ်လုပွဲ ပထမအ ကျော့ ရှမ်းနှင့် ရခိုင်အသင်းပွဲ စဉ်ကို မြဝတီရုပ်သံတွင် တိုက်ရိုက်ထုတ်လွှင့်ပြသစဉ် ရခိုင်အသင်း အပေါ် ရိုင်းစိုင်းသည့် စကားသံ အချို့ ပါဝင်ထုတ်လွှင့်မိသဖြင့် အစီအစဉ်တင်ဆက်သူ ကိုဝင်းထိုက် က လူမှုကွန်ရက်၌ တောင်းပန် သည်။ေ မလ ၂၆ ရက်က သုဝဏ္ဏ ကွင်း၌ ယှဉ်ပြိုင်သည့် ယင်းပွဲစဉ် တွင် ပွဲချိန် ၁၀ မိနစ်၌ ရှမ်းအသင်းတိုက်စစ်မှူး အီမန်နူရယ်က ရခိုင် ဘက်ကို အဖွင့်ဂိုးသွင်းယူချိန်တွင် ဘောလုံးပွဲကြေညာသူ၏ အသံမဟုတ်ဘဲ အခြားသူတစ်ဦးက ‘‘ဝမ်းသာလိုက်တာ...’’ စသည့် ရိုင်းစိုင်းသည့်စကားပြောဆိုမှုထွက်ပေါ်ခဲ့ သည်။ ယင်းပွဲ၌ ရှမ်းအသင်းက ရခိုင်ကို ၄-၀ ဂိုး ဖြင့် အနိုင်ရရှိ သည်။ 

အဆိုပါပြောဆိုမှုအပါ် ရခိုင် အသင်းပရိသတ်များ၊ ဘောလုံး ပရိသတ်များက လူမှုကွန်ရက်၌ ဝေဖန်ပြောကြားမှုများ မြင့်မားနေ သည်။

ထိုသို့ ရခိုင်အသင်းနှင့် အ သင်းပရိသတ်များအပေါ် နစ်နာ စေသည့် အသုံးအနှုန်းတိုက်ရိုက် ထုတ်လွှင့်ချိန်တွင် ထုတ်လွှင့်မိခဲ့ သဖြင့် တိုက်ရိုက်ထုတ်လွှင့်သည့် မြဝတီရုပ်သံ၏ အစီအစဉ်တင် ဆက်သူ ကိုဝင်းထိုက်က ပြန်လည် တောင်းပန်ခြင်းဖြစ်သည်။

‘‘ရှမ်းနှင့် ရခိုင်တို့၏ ပွဲစဉ် အား တိုက်ရိုက်ထုတ်လွှင့်ခဲ့စဉ် ပွဲချိန် ၁၀ မိနစ်နှင့် ၃၅ စက္ကန့်တွင် ရှမ်းမှ ရခိုင်ဘက်သို့ ပထမဂိုးသွင်း အပြီး တိုက်ရိုက်ထုတ်လွှင့်မှုတွင် ရခိုင်အသင်းနှင့် ပရိသတ်များအ  ပေါ် နစ်နာစေသည့် စကားသံအ ချို့ ပါဝင်ထုတ်လွှင့်မိခဲ့ပါသည်။ ကျွန်တော့်အနေဖြင့် Slow Motionပြနေတုန်းတွင် တခြားအသံဝင် သွားတာဖြစ်ပြီး Live လွှင့်သည့် အခန်းထဲမှ အနားတွင်ရှိသော မိုက်ခလုတ်ကို အဲဒီအချိန်၌ အပြင်အသံများမဝင်အောင် မိုက်ခဏ ပိတ်ဖို့ မေ့သွားသော ကျွန်တော် တစ်ဦးတည်းမှာပင် လုံးဝတာဝန် ရှိပါကြောင်း အားလုံးကို အနူးအ ညွတ်တောင်းပန်အပ်ပါသည်’’ဟု ကိုဝင်းထိုက်က လူမှုကွန်ရက်၌ ရေးသားခဲ့သည်။

ကိုဝင်းထိုက်ကို ဆက်သွယ်မေးမြန်းရာ ရခိုင်အသင်းနှင့် ပရိသတ်များကို ကျေနပ်သည်အထိ တောင်းပန်မည်ဖြစ်ကြောင်းပြော သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရခိုင်အသင်းဘက်သို့ မေးမြန်းရာ ‘‘ဒီဖြစ်စဉ် ဖြစ်ဖြစ်ချင်းကတော့ အစ်ကိုတို့က ပွဲထဲမှာဆိုတော့ မသိရဘူး။ နောက်မှ အွန်လိုင်းမှာ သူ များတွေ တင်ထားမှ သိရပါတယ်။ အစ်ကိုအနေနဲ့ကတော့ ဒါက ပြိုင် ပွဲကျင်းပရေးနဲ့ပဲ သက်ဆိုင်တယ်။ ဒါကြောင့် ပြိုင်ပွဲကျင်းပရေးဘက် ကို အကြောင်းကြားတယ်။ ပြိုင်ပွဲ ကျင်းပရေးနဲ့ ရုပ်သံထုတ်လွှင့်တဲ့ ဘက်နဲ့ သူတို့အချင်းချင်း ညှိနှိုင်း ပြီး ရှင်းကြမယ်လို့ ထင်ပါတယ်’’ ဟု ရခိုင်အသင်းအထွေထွေမန်နေ ဂျာ ဦးထွန်းထွန်းဦးကပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲကို မြန်မာလိဂ်က ကြီးမှူးကျင်းပပြီး မြဝတီရုပ်သံ လိုင်းမှ တိုက်ရိုက်ထုတ်လွှင့်ပြသ ခြင်းဖြစ်သည်။

‘‘မြဝတီဘက်က သက်ဆိုင် ရာလူကြီးတွေကို ဖြစ်စဉ်နဲ့ပတ် သက်ပြီး ညကတည်းက လှမ်းပြော ထားတယ်။ အခုဖြစ်စဉ်မှာ ဘယ်သူက ပြောတယ်ဆိုတာကတော့အစ်ကိုတို့အနေနဲ့ အတိအကျမသိနိုင် ဘူး။ သူတို့ဘာသာ ရှာဖွေဖော်ထုတ်ပြီး အရေးယူတာမျိုး၊ တောင်းပန်တာ မျိုး  လုပ်ပေးဖို့ကိုပဲ အကြောင်းကြားထားတာပါ’’ဟု မြန်မာလိဂ်တာဝန်ရှိသူတစ်ဦးက ပြောသည်။  ရခိုင်နှင့် ရှမ်းယူနိုက်တက်၏ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းအကြို ဗိုလ်လုပွဲဒုတိယအကျော့ပွဲစဉ်ကို ဇွန်လ ၁ ရက်တွင် စစ်တွေမြို့ ဝေသာလီကွင်း၌ ကျင်းပမည်ဖြစ် သည်။

No comments:

Post a Comment